အသင်းပိုင်ရှင်အေဗရာမိုဗစ်လက်ထက် ၁၃ယောက်မြောက် နည်းပြ ဖြစ်လာပါတယ်။

မူလကတည်းက သတင်းတွေ ထွက်ပေါ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း ချဲလ်ဆီးအသင်းကတော့ ယခုမှသာ ၎င်းကို အပြီးသတ်ခေါ် ယူနိုင်ခဲ့တာ ဖြစ်ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

 

နည်းပြ ကွန်တီကို ထုတ်ပယ်လိုက်တဲ့ ချဲလ်ဆီးအသင်းဟာ ချက်ခြင်းဆိုသလိုပဲ နာပိုလီအသင်းရဲ့ နည်းပြ ဆာရီကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီ လည်း ဖြစ်ပါတယ်။

ဆာရီအနေနဲ့ ချဲလ်ဆီးအသင်းကို ဖျော်ဖြေမှု ဆန်တဲ့ ဘောလုံး ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ်ကို ခြေချသွားမယ်လို့လည်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

 

မူလကတည်းက ကွန်တီကိုထုတ်ပြီး ဆာရီကို ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ အကြိမ်ကြိမ်ထွက်ပေါ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း ယခုမှ သာ ချဲလ်ဆီးအသင်းက တရားဝင် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အစောပိုင်းက နည်းပြ ကွန်တီအနေနဲ့ အသင်းနဲ့အတူ ရာသီကြို ပြင်ဆင်မှုတွေပြုလုပ်ခဲ့သေးလို့ ဒီနှစ်လည်း ကွန်တီပဲ ဆက်ကိုင်တွယ်တော့မယ် လို့ ထင်ခဲ့ကြပေမယ့် ချဲလ်ဆီးအသင်းကတော့ ထုတ်ပယ်လိုက်ပါတယ်။

ယခု အသစ်ရောက်လာတဲ့ အသက် ၅၉ နှစ်အရွယ် ဆာရီအနေနဲ့ စီးရီးအေမှာမနှစ်က နာပိုလီအသင်းကို ဒုတိယနေရာရောက်ရှိအောင်စွမ်း ဆောင်ပေးခဲ့သူ ဖြစ်ပြီး ၎င်းရဲ့ နာပိုလီနည်းပြ ရာထူးကိုတော့ အန်ဆန်လော့တီက ခံယူမယ်လို့ သိရပါတယ်။

" အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ကျွန်တော်တို့ပရိသတ်ကို ဖျော်ဖြေမှု ရသပေးစွမ်းနိုင်လိမ့်မ်ယလို့ ကျွန်တော် ယုံကြည်ပါတယ်။ချဲလ်ဆီး အသင်းနဲ့အတူ သက်သေပြသွားပါမယ်။" လို့ ဆာရီက အဖွင့်နှုတ်ခွန်းဆက်စကားဆိုလိုက်ပါပြီ။

ယခုလို အသင်းနည်းပြသစ်ဖြစ်လာတဲ့ ဆာရီဟာ၂၀၀၃ ခုနှစ်က စတင်ပြီး  အသင်းပိုင်ရှင်အေဗရာမိုဗစ်လက်ထက် ၁၃ ယောက်မြောက် နည်းပြ ဖြစ်လာခဲ့ပြန်ပါတယ်။

Share

Loading Next Article...
က္က