အမေရိကမှာ ရာသီကြိုပွဲစဉ် ၅ ပွဲကစားသွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့အတွက် အမေရိကားကို တနင်္ဂနွေနေ့က ထွက်ခွာခဲ့ပြီး အမေရိကားမှာ ရာသီကြိုပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အမေရိကားကို ထွက်ခွာသွားတဲ့ လူစာရင်းမှာ အလက်ဆစ်ဆန်းချက်ဇ် ပါဝင်ခဲ့ခြင်းမရှိဘဲ ယမန်နေ့ နေ့လည်မှာ သူငယ်ချင်းဖြစ်သူနဲ့ နေ့လည်စာထွက်စားနေတဲ့ပုံတွေ တွစ်တာမှာတက်လာခဲ့ပါတယ်။

bmw.JPG 

အလက်ဆစ်ဆန်းချက်ဇ်ဟာ ရာသီကြိုပွဲစဉ်ကစားဖို့ ထွက်ခွာသွားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပေမယ့် သူငယ်ချင်းဖြစ်သူနဲ့ နေ့လည်စာထွက်စားတဲ့ပုံတွေ တွစ်တာလူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ ဆန်းချက်ဇ် ဘာကြောင့် မန်ယူအသင်းနဲ့အတူ လိုက်ပါမသွားသလဲဆိုတာကို Mirror သတင်းဌာနက စုံစမ်းခဲ့ရာမှာ အဖြစ်မှန်ကို သိခဲ့ရပါတယ်။

အမေရိကားကို မလိုက်ပါသွားဘဲ အင်္ဂလန်မှာ နေရစ်ခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်အတွက် ၅ နှစ်အတွင်း ဘောလုံးမကစားရတဲ့ ပထမဆုံးနွေရာသီဖြစ်ပြီး မန်ယူအသင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာစီမံခန့်ခွဲမှုပြဿနာကြောင့် လိုက်ပါနိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

 

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေးပြန်လည်ပြုလုပ်နေသူဖြစ်ပြီး အသင်းဖော်ဖြစ်သူ ဒါလေဘလင်းလည်း အေဂျက်ဇ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် အင်္ဂလန်မှာ ကျန်နေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မှာ ၂ ပတ်ခွဲကြာ ရာသီကြိုခြေစမ်းပွဲကစားဖို့ သွားရောက်တဲ့မန်ယူအသင်းနဲ့အတူ ဆန်းချက်ဇ် မလိုက်ပါနိုင်တာဟာ စပိန်မှာ အခွန်ရှောင်ခဲ့တဲ့ပြစ်မှုတွေကြောင့် အမေရိကန်နိုင်ငံက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆန်းချက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က အခွန် ယူရို ၁ သန်း တိမ်းရှောင်ခဲ့တဲ့အတွက် ဆိုင်းငံ့ထောင်ဒဏ် ၁၆ လ ချမှတ်ခံခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ အခွန်ကြွေးကျန်တွေကို ပေးချေဖို့ သဘောတူညီခဲ့တဲ့ အတိုးပါ ထပ်ဆောင်းပေးဆပ်ရမှာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း အမိန့်ချမှတ်ခံထားရတဲ့ မည်သူတစ်ဦးတယောက်ကိုမှ ပြည်ဝင်ခွင့်ဗီဇာပေးအပ်ခြင်းမရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က