အိပ်မက်တွေနောက်လိုက်ဖို့ ပြောခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့တောင်ပံကစားသမား အီဒင်ဟာဇက်ကို ချယ်ဆီးအသင်းကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်အသင်းကို သွားရောက်ကစားဖို့ ဘယ်လ်ဂျီယံအသင်းရဲ့နည်းပြ ရောဘတ်တိုမာတီနက်ဇ်က တောင်းဆိုခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမား အီဒင်ဟာဇက်ကို တစ်ပတ်လုပ်ခပေါင် ၃ သိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး ဟာဇက်က ပယ်ချသွားဖို့အဆင်သင့်ဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။



Photos: Mirror

အီဒင်ဟာဇက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြောက်ပတ်ကြာအတူရှိခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်ဟာ ခရစ်စတီယာနိုရော်နယ်ဒိုထွက်ခွာသွားပြီဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် ချယ်ဆီးအသင်းကို စွန့်ခွာချိန်တန်ပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

"ကစားသမားတွေအနေနဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ရှေ့ဆက်လုပ်ရမယ့်အစီအစဉ်တွေ လိုအပ်ပါတယ်။ အီဒင်ဟာဇက်နဲ့ချယ်ဆီးအသင်းတို့ ခွဲခွာကြဖို့ အချိန်ကောင်းတစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဟာဇက်အတွက် ချယ်ဆီးအသင်း ကြီးမားတဲ့ကမ်းလှမ်းမှုမျိုး အခုအချိန်မှာ မရရှိထားဘူးလို့ဆိုရင် ကျွန်တော် အရမ်းကို အံ့အားသင့်ရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Photos: Mirror

 

ချယ်ဆီးအသင်းဟာ ဟာဇက်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀၀ ကို ရီးရဲမက်ဒရစ်အသင်းရော ဘာစီလိုနာအသင်းပါ ပေးချေနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေပြီး အသင်းနဲ့ စာချုပ် ၂ နှစ်သက်တမ်းကျန်ရှိနေသေးတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ဟာဇက်အနေနဲ့ မတူညီတဲ့အရာတွေကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

"ဒါက ဟာဇက်အတွက် မတူညီတဲ့အရာတွေကို စမ်းသပ်ဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ"

"သူက ခေါင်းဆောင်နိုင်မှုအများကြီးရှိပြီး ရင့်ကျက်တဲ့ကစားသမားတစ်ဦးပါ။ သူ့ရဲ့ပါရမီအပေါ်မှာ အခြေခံပြီး ကစားတတ်ပါတယ်"

"ဟာဇက်အနေနဲ့ ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို အစီအစဉ်အသစ်တွေကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးအချိန်မှာ ရောက်ရှိနေပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်းနဲ့မဆို အံ့ဝင်ခွင်ကျဖြစ်မှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Photos: Mirror

 

ချယ်ဆီးအသင်းရဲ့နည်းပြသစ် ဆာရီကတော့ အသင်းကို ပြန်လည်တည်ဆောက်ရာမှာ ဟာဇက်ဟာ ဆက်လက်ထိန်းသိမ်းထားရမယ့် ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်ရာသီ ပြန်လည်စတင်ဖို့ ၃ ပတ်ခန့်သာ လိုတော့တဲ့အချိန်မှာ ချယ်ဆီးအသင်းက ကမ္ဘာ့ဖလားမှာ အထင်ကြီးလေးစားဖွယ် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာဇက်ကို ဆုံးရှုံးဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့စနေနေ့က အင်္ဂလန်အသင်းနဲ့ တတိယနေရာလုပွဲမှာ အနိုင်ရရှိပြီး ဘယ်လ်ဂျီယံအသင်း တတိယရရှိခဲ့ပြီးနောက် အီဒင်ဟာဇက်က ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စဉ်းစားနေပြီဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က