ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်တော့မှာဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့နည်းပြသစ် မူရီဇီယိုဆာရီဟာ မကြာမီရက်ပိုင်းအတွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အားလပ်ရက်အပန်းဖြေအနားယူနေတဲ့ အသင်းရဲ့အဓိကကြယ်ပွင့်ကစားသမား ၄ ဦးဖြစ်တဲ့ အီဒင်ဟာဇက်၊ ဝီလီယံ၊ ကော်တိုရစ်၊ ကန်တေတို့ကို စာချုပ်သစ်အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြန်လည်ခေါ်ယူတော့မှာဖြစ်ပါတယ်။



NINTCHDBPICT000420937595.jpg

Photos: The Sun

ချယ်ဆီးအသင်းဟာ စပိန်လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲမက်ဒရစ်၊ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ် စတဲ့အသင်းကြီးတွေဆီကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အသင်းရဲ့အဓိကကစားသမား ၄ ဦးစလုံးကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့နည်းပြသစ်ဆာရီဟာ ခေါင်းမာပြီး တဇွတ်ထိုးဆန်တဲ့ ချယ်ဆီးနည်းပြဟောင်း ကွန်တီနဲ့မတူညီတဲ့ ညင်သာပျော့ပျောင်းတဲ့ စီမံခန့်ခွဲမှုကြောင့် အသင်းရဲ့အဓိကကစားသမားတွေနဲ့ ဆက်ဆံရေးပြေလည်နိုင်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

Photos: The Sun

 

ချယ်ဆီးအသင်းရဲ့တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ အသင်းနဲ့ ၆ နှစ်ကြာလက်တွဲခဲ့ပြီးနောက် ချယ်ဆီးအသင်းကနေ ထွက်ခွာရမယ့်အချိန် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ခြိမ်းခြောက်ထားပြီး ကမ်းလှမ်းလာမယ့် စာချုပ်သစ်ကို ပယ်ချသွားမှာဖြစ်တယ်လို့ အတိအလင်း ဝန်ခံပြောကြားထားသူဖြစ်ပါတယ်။

အီဒင်ဟာဇက်ရဲ့ ဘယ်လ်ဂျီယံအသင်းဖော် ဂိုးသမား ကော်တိုရစ်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းအထက်ရရှိမယ့် စာချုပ်သစ် ကမ်းလှမ်းမှာကို လိုချင်နေတယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး နည်းပြကွန်တီရဲ့ ခေါင်းမာမှုနဲ့ အသင်းဘုတ်အဖွဲ့ရဲ့အပြောင်းအရွှေ့ဈေးကွက်ကို ကိုင်တွယ်နေမှုကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မကာကွယ်နိုင်ဘဲ မျက်နှာပန်းမလှဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Photos: The Sun

ချယ်ဆီးကွင်းလယ်ကစားသမား ဝီလီယံကလည်း နည်းပြကွန်တီရဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့မှုကြောင့် စိတ်ပျက်မှုတွေ ကြီးထွားနေပြီး နီးကပ်တဲ့ဆရာ-တပည့်ဆက်ဆံရေးရှိတဲ့ မော်ရင်ဟိုရှိရာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ချန်ပီယံဖြစ်အောင် ကျရာအခန်းကဏ္ဍကနေ အစွမ်းကုန်ပေးဆပ်ခဲ့တဲ့ ကန်တေကလည်း ချယ်ဆီးအသင်းမှာ မပျော်မရွှင်ဖြစ်နေ်တာမဟုတ်ပေမယ့် ဘာစီလိုနာအသင်းက အင်နီယေစတာရဲ့နေရာမှာ အစားထိုးဖို့ ကန်တေကို ပစ်မှတ်ထားနေတာကြောင့် အသင်းနဲ့အနာဂတ်ဟာ ရေရာမှုမရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

လက်ရှိချယ်ဆီးအသင်းရဲ့အခြေအနေဟာ နည်းပြသစ် မူရီဇီယိုဆာရီရဲ့လိမ္မာပါးနပ်မှုအပေါ်မှာ လုံးလုံးမှီတည်နေတယ်လို့ ဆိုရမှာဖြစ်ပြီး ချယ်ဆီးအသင်းရဲ့ရှေ့ဆက်ရမယ့်လမ်းခရီးမှာ ပန်းတိုင်နဲ့မလွဲချော်အောင် လမ်းပြပေးနေတဲ့ ကြယ်ပွင့် ၄ လုံးကို မဆုံးရှုံးအောင် ဘယ်လိုပုံစံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆာရီ ထိန်းသိမ်းကာကွယ်သွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က