ကော်တွိုက်စ်ကတော့ မက်ဒရစ်မှာ ပြန်လည်နေထိုင်ချင်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ဂိုးသမား ကော်တွိုက်စ်အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုတွေကို သဘောတူ လက်ခံလိုက်တယ်လို့ ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ကမ္ဘာ့ဖလားတတိယဆုကို ဆွတ်ခူးနိုင်ခဲ့သလို အကောင်းဆုံးဂိုးသမားဆုကိုပါ ရရှိခဲ့တဲ့ ကော်တွိုက်စ်ကို ချယ်လ်ဆီးက လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo : 90 min

 

ဒေးဗစ်ဒီဂီယာကို ခေါ်ယူဖို့အတွက် မျှော်လင့်ချက် ပျက်သုဉ်းခဲ့ပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ အခြားထိပ်တန်းဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပြီး မက်ဒရစ်မြို့မှာ ကစားခဲ့ဖူးတဲ့ ကော်တွိုက်စ်ကို ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ရီးရဲလ်တို့ဟာ ကော်တွိုက်စ်အတွက် သဘောတူညီခဲ့တဲ့ သတင်းကို RMC က ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

Photo : 90 min

 

ကစားသမားနဲ့ရီးရဲလ်တို့ဟာ (၄)နှစ် စာချုပ်ချုပ်ဆိုမယ်လို့ အတိအကျ ရေးသားခဲ့ပြီး ပြောင်းရွှေ့ကြေးက ယူရို (၃၅)သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။ Get French Football News လို့ အမည်ရ တွစ်တာအကောင့်ကလည်း ရီးရဲလ်နဲ့ ကော်တွိုက်စ်တို့ရဲ့ သတင်းကို ဖော်ပြခဲ့ပါတယ်။ ကော်တွိုက်စ်အသင်းမှာ ဆက်ရှိနေခဲ့မယ်ဆိုရင် လုပ်ခလစာတိုးမြှင့်ပေးချေဖို့ ချယ်လ်ဆီးက ပြောဆိုခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

Photo : 90 min

 

"ကမ္ဘာ့ဖလားကာလအတွင်းမှာ ဘာကိုမှ ကျွန်တော် မစဉ်းစားအားပါဘူး၊ ကောလဟာလသတင်းတွေကိုလည်း လျစ်လျူရှုထားပါတယ်၊ ဒါပေမယ့် ပြိုင်ပွဲပြီးဆုံးမယ့်အချိန်ကျရင်တော့ ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ ချယ်လ်ဆီးတို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ၊ ကျွန်တော် ချယ်လ်ဆီးမှာ ပျော်ရွှင်နေပါတယ်၊ ဒါက ကျွန်တော် ဒီအသင်းက ထွက်ခွာဖို့ မလိုအပ်ဘူးဆိုတာပါပဲ" လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ ကော်တွိုက်စ်က ပြောကြားခဲ့ဖူးပါတယ်။

Photo : 90 min

 

ဒါပေမယ့်လည်း ချယ်လ်ဆီးနည်းပြကွန်တီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း သိချင်တယ်လို့ ကော်တွိုက်စ်က ချယ်လ်ဆီးကို အကြောင်းကြားခဲ့ပါတယ်။ ကွန်တီ ထုတ်ပယ်ခံရပြီးနောက်မှာ ရီးရဲလ်က ကော်တွိုက်စ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြင့်ဆောင်ရွက်ခဲ့ပါတယ်။ မနေ့ညက ထွက်ပေါ်လာခဲ့တဲ့ သတင်းများအရ ကော်တွိုက်စ်အတွက် နှစ်ဖက်အသင်းဟာ သဘောတူညီမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က