ပီတာချက်ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့တစ်ခုအဖြစ် အသင်းရဲ့ ဂိုးသမားဟောင်း ပီတာချက်ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ကော်တွိုက်စ်ရဲ့ နေရာမှာ ပီတာချက်ကို ပြန်လည်အစားထိုးဖို့ ချယ်လ်ဆီးက စီစဉ်နေတာလည်း ဖြစ်ပါတယ်။

Photo : Metro

 

လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ရိုးမားဂိုးသမား အယ်လစ်ဆန်ကို လီဗာပူးလ်နဲ့အပြိုင် ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်ဂိုးသမားဖြစ်သူဟာ အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေပြီး လီဗာပူးလ်ကလည်း အယ်လစ်ဆန်အတွက် ပေါင် ၆၂သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

 

Sky Sports ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအနေနဲ့ ဂိုးသမားဟောင်း ပီတာချက်ကို အာဆင်နယ်အသင်းထံမှ ပြန်လည်ခေါ်ယူချင်နေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်က ချယ်လ်ဆီးဟာ ပီတာချက်ကို အာဆင်နယ်အသင်းထံ ပေါင် (၁၀)သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အသက် (၃၆)နှစ်အရွယ် ဝါရင့်ဂိုးသမားကြီးကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

Photo : Metro

 

ချယ်လ်ဆီးအသင်းမှာ ၂၀၀၄ ကနေ ၂၀၁၅ အထိ (၁၁)နှစ်ကြာ ကစားခဲ့ဖူးတဲ့ ချက်ဝါရင့်ဂိုးသမားကြီးဟာ စတန်းဖို့ဒ်ဘရစ်ချ်အသင်းအတွက် ပွဲပေါင်း (၃၃၃)ပွဲအထိ ကစားပေးခဲ့သူ ဖြစ်ပြီး နံပါတ်တစ် ဂိုးသမားအဖြစ် ကာလရှည် ရပ်တည်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း လေဗာကူဆင်ဂိုးသမား လီနိုကို ခေါ်ယူထားပြီး အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာအတွက် ရည်ရွယ်ထားခဲ့ပါတယ်။

Photo : Metro

 

ဒီအခြေအနေအရ အာဆင်နယ်အသင်းကလည်း ပီတာချက်ကို ပြန်လည်ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ ပီတာချက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၄)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ် ရရှိခဲ့သူဖြစ်ပြီး ယူရိုပါလိဂ်ဖလားကိုလည်း ချယ်လ်ဆီးနဲ့အတူ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo : Metro

 

နောက်ဆုံးရရှိတဲ့ သတင်းများအရ ချယ်လ်ဆီးအသင်းဟာ လက်စတာစီးတီးဂိုးသမား ရှမိုက်ကယ် နဲ့ အေစီမီလန်ဂိုးသမား ဂီယန်လူဂီဒွန်နာရမ်မာကိုလည်း သူတို့ရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က