အာဆင်နယ်အသင်းနဲ့အတူ ၂၀၀၃ ခုနှစ်တုန်းက ရှုံးပွဲမရှိ ပရီးမီးယားလိဂ် ဆုဖလားဆွတ်ခူးပြီး စံချိန်တင်ထားနိုင်ခဲ့သလို အက်ဖ်အေဖလားသ မိုင်းမှာလည်း အအောင်မြင်ဆုံး နည်းပြ တစ်ဦးပါ။
Photo - Premier League
အာဆင်နယ်အသင်းကနေ ယခုနှစ် ရာသီအကုန်မှာ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ပြင်သစ်လူမျိုး နည်းပြ အာစင်ဝင်းဂါးက အာ ဆင်နယ်မှာ ရှိခဲ့တဲ့အချိန်တွေက အမှားကြီးမှားခဲ့တာလို့ ဆိုလာပါတယ်။
အာဆင်နယ်အသင်းနဲ့အတူ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ နာမည်ကြီး လူသိလာခဲ့သူ တစ်ဦးဖြစ်သလို အောင်မြင်မှုတွေလည်း ထိုက်သင့်သလောက် ရခဲ့သူ ဖြစ်ပါတယ်။
Photo - Reuters UK
ဒါပေမယ့်လည်း မနှစ်က ရာသီအကုန်မှာတော့ အသင်းရဲ့ ပရိသတ်တွေ တောင်းဆိုနေကြတာကြောင့် ၎င်းကိုယ်တိုင် အသင်းက ထွက်ချိန်တန်ပြီ လို့ ဆိုပြီး ထွက်ခွာပေးခဲ့သူပါ။
အခုတော့ သူနေခဲ့ရတဲ့ ဒီ ၂၂နှစ်တာကာလက အကျဉ်းကျနေခဲ့ရသလိုဆိုပြီး ထုတ်ဖော်ပြောလာခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ၎င်းရဲ့ ပရိ သတ်တွေ အံံ့အားသင့်စရာတွေ ဖြစ်လာခဲ့ပါတယ်။
အာစင်ဝင်းဂါးက - " ကျွန်တော်လည်း အခြားသူတွေလို ကလပ်အသင်းတွေ ပြောင်းရွှေ့ဆောင်ရွက်ချင်ပါတယ်။ဒါပေမယ့် ကျွန်တော်က စိန်ခေါ်မှုကို ကြိုက်တယ်။အာဆင်နယ်မှာ နေခဲ့တဲ့အချိန်တွေကတော့ အကျဉ်းကျနေခဲ့သလိုပါပဲ။" လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အာစင်ဝင်းဂါးဟာ အဆင်နယ်အသင်းကို ရောက်ရှိချိန်ကနေစပြီး ဥရောပချန်ပီယံလိဂ်ကို တောက်လျှောက်ဝင်ခဲ့ပေမယ့် နောက်ဆုံး ၂နှစ်ဆက် မှာတော့ ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့အတူ ၂၀၀၃-၀၄ ခုနှစ်မှာလည်း ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ရွှေဖလားကြီးကို ရယူနိုင်ခဲ့တာအပါအဝင် ပရီးမီးယားလိဂ် ဆု ၃ ဆုနဲ့ အက်ဖ်အေဖလားသမိုင်းမှာလည်း အအောင်မြင်ဆုံးနည်းပြအဖြစ် ၇ ကြိမ်အထိရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဆုဖလားကိုတော့ ၂၀၀၆ ခုနှစ်က ဗိုလ်လုပွဲအထိ ရောက်ခဲ့ပြီးမှ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့လို ချန်ပီယံဆုလက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါ တယ်။
ဒီလိုအောင်မြင်မှုတွေ ရခဲ့ရဲ့သားနဲ့ အာဆင်နယ်အသင်းမှာ ရှိချိန်တွေက အကျဉ်းကျသလို ခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောရ တာလဲဆိုတာက တော့ အနည်းငယ်ထူးခြားနေခဲ့ပါတယ်။
Share