ပေါင် ၆၆.၈ သန်းနဲ့ သဘောတူညီခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ အမြင့်မားဆုံး ဂိုးသမားခေါ်ယူမှုတစ်ခု ဖြစ်ထားတဲ့ ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းရဲ့ ယူရို သန်း ၄၀ တန် ဘင်ဖီကာဂိုးသမား အီဒါဆင်ကို ခေါ်ယူမှုထက် များစွာ သာလွန်များပြားနေခဲ့တာ ဖြစ်ပါတယ်။



Alisson-1260x710.jpg

Photo - Trivela

 

ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားဝင်ခဲ့တဲ့ ရိုးမားဂိုးသမား အယ်လီဆင်ကို လီဗာပူးအသင်းက ခေါ်ယူနိုင်ရေး ကြိုးပမ်းခဲ့ရာမှာတော့ ယခုအခါ ရိုးမားအသင်းတောင်းဆိုတဲ့ ပမာဏကိုပေးချေဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။

ခရိုအေးရှားအသင်းရဲ့ ပဲ့ကိုင်ရှင် ဒါလစ်ကို ဘယ်အသင်းနည်းပြအဖြစ်နဲ့ ပြန်မြင်ချင်လဲ? 

ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆၆.၈ သန်း ပေးချေခဲ့ရတယ်လို့ သိရပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အမြင့် မားဆုံးပေးချေတဲ့ ဈေးနှုန်းလည်း ဖြစ်လာခဲ့ပါတယ်။

Photo - Pasión Fútbol

 

၂၀၁၇ ခုနှစ်တုန်းက မန်စီးတီးအသင်းအနေနဲ့ ဘင်ဖီကာက ဂိုးသမား အီဒါဆင်အတွက် ယူရို သန်း ၄၀ ပေးချေပြီးခေါ်ဆေင်ထားတဲ့ ဈေးကို ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အယ်လီဆင်အနေနဲ့ ရိုးမားအသင်းမှာ ၂ ရာသီ ကျင်လည်ခဲ့ပြီးမနှစ်က ရာသီက လိဂ်ပွဲ ၃၇ ပွဲတိတိပါဝင်ကစားပေးခဲ့သူ လည်း ဖြစ်ပါတယ်။

 

ဒီလို အီတလီစီးရီးအေက ဂိုးသမားတစ်ယောက်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ပေးပြီးခေါ်တာဟာ တစ်ချိန်က ပါးမားအသင်းက ဂိုးသမား ဘူဖွန်ကို ဂျူဗင်တပ်အသင်းက ယူရို ၅၃ သန်းပေးချေခဲ့တာပြီးတဲ့နောက်အများဆုံးလည်း ဖြစ်လာပါတယ်။

အယ်လီဆင်ကို ခေါ်ယူဖို့ လီဗာပူးဆုံးဖြတ်လိုက်ရတဲ့အကြောင်းကတော့ ပြီးခဲ့တဲ့အပတ်က ခြေစမ်းပွဲမှာ အသင်း ဂိုးသမား ကားရီးယက်စ်ရဲ့ ဒုတိယ အမှားကို မြင်ခဲ့ရပြီးနောက် ဆုံးဖြတ်ခဲ့တာလို့လည်း မီဒီယာတွေက ဖော်ပြနေပါတယ်။

ကားရီးယက်စ်အနေနဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းကလည်း ရီးရဲအသင်းဖက်မှ ဂိုးတွေကို ၎င်းရဲ့ အမှားတွေမှတဆင့်ခွင့်ပြုထားခဲ့ရတာ ကြောင့် နည်းပြ ယာဂျင်ကလော့ပ်က ဂိုးသမားသစ်ခေါ်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်မှာပါ။

အယ်လီဆင်အနေနဲ့ နောက်ဆုံးကစားထားတာကတော့ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး ကွာတားဖိုင်နယ် အထိ  ၅ ပွဲပါင်ခဲ့ရာမှာ ၃ ပွဲက ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က