ဖာဘင်ဟိုနဲ့ဘာပေတို့က မိုနာကို အသင်းဖော်များ ဖြစ်ခဲ့ဖူးပါတယ်။

လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားသစ် ဖာဘင်ဟိုက လီဗာပူးလ်အသင်းကို ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေ လာရောက်ကစားဖို့ ဆွဲဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဖာဘင်ဟိုဟာ မိုနာကိုအသင်းကနေ လီဗာပူးလ်ကို ယူရိုသန်း (၅၀)နဲ့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။



Photo : Goal.com

 

ဖာဘင်ဟို နဲ့ ဘာပေတို့ဟာ မိုနာကိုအသင်း ပြင်သစ်လီဂူးချန်ပီယံဆုကို ဆွတ်ခူးခဲ့စဉ်က အသင်းဖော်များအဖြစ် ကစားခဲ့ဖူးကြသူများ ဖြစ်ပါတယ်။  ဘာပေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အခွင့်အရေးအဖြစ် ဆုပ်ကိုင်ပြီး အန်ဖီးလ်မှာ ပြန်လည်ပူးပေါင်းနိုင်ဖို့ ဖာဘင်ဟိုက ကြိုးစားသွားမယ်လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

Photo : Fotmob

ဘာပေဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သလို အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းအတွက် (၄)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာပေကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်လို့ သတင်းများ ထွက်ပေါ်နေခဲ့ပြီး ပီအက်စ်ဂျီကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားခဲ့ပါတယ်။

Photo : Telegraph

 

"ဒီရာသီမှာလည်း ပီအက်စ်ဂျီမှာပဲ ရှိနေမယ်လို့ သူ ပြောခဲ့ပါတယ်၊ ဒါပေမယ့် သူ့ကို ကျွန်တော် ဖြည်းဖြည်းချင်းဆွဲဆောင်သွားမှာပါ၊ ကျွန်တော် လီဗာပူးလ်ကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း သူ မက်ဆေ့ချ်ပို့ခဲ့ပါတယ်၊ ကံမကောင်းစွာနဲ့ပဲ သူ ကမ္ဘာ့ဖလား ရရှိတော့ ဝမ်းမြောက်ကြောင်း ပြောကြားဖို့ ကျွန်တော် အခွင့်အရေးမရခဲ့ပါဘူး" နှစ်နှစ်အတွင်းမှာ သူ့ရဲ့ ကစားသမားဘဝက အံ့အားသင့်စရာကောင်းပါတယ်၊ သူက မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်" လို့ ဖာဘင်ဟိုက ပြောကြားခဲ့ပါတယ်။

Photo: Transfer New Live

 

၂၀၁၆-၁၇ ဘောလုံးရာသီမှာ ပြင်သစ်လီဂူးချန်ပီယံဆုကို မိုနာကိုအသင်း ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကျေနပ်လောက်စရာ အဆင့်တစ်ခုကို ရောက်ရှိခဲ့ရာမှာ ဖာဘင်ဟို၊ ဘာပေ အစရှိတဲ့ ကစားသမားတွေက မိုနာကိုအတွက် ခြေစွမ်းပြ ကစားပေးခဲ့သူများ ဖြစ်ပါတယ်။

 

အဲဒီနောက်မှာ ဘာပေဟာ ပီအက်စ်ဂျီအသင်းကို ကနဦးပြောင်းရွှေ့မှုအနေနဲ့ အငှားသွားရောက် ကစားခဲ့ပြီး အပြီးသတ်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က