ပြောင်းရွှေ့ကြေးကို အသင်းနဲ့ညှိနှိုင်းမှုပြုလုပ်နေပါပြီ။

ချယ်ဆီးအသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမား အီဒင်ဟာဇက်ဟာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး မကြာခဏ ရီးရဲမက်ဒရစ်လိုအသင်းကြီးမှာ ကစားဖို့အိပ်မက်မက်ခဲ့ရကြောင်း ပြောကြားခဲ့သူဖြစ်ပါတယ်။ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။



fcf21-1532065831-800.jpg

Photos: Sporskeeda

ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းဟာ အီဒင်ဟာဇက်ရဲ့ကလေးဘဝကတည်းက စံပြပုဂ္ဂိုလ်ဖြစ်ပြီး နည်းပြဇီဒန်းရဲ့လက်အောက်မှာ ကစားချင်တဲ့ဆန္ဒရှိကြောင်း ဟာဇက်က ပြောကြားခဲ့ဖူးပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ ဟာဇက်က ရီးရဲမက်ဒရစ်အသင်းကို ဘယ်နည်းပြပဲ နည်းပြနေပါစေ ရီးရဲမက်ဒရစ်အသင်းအတွက် ကစားပေးချင်တဲ့အိပ်မက်က ပျောက်ပျက်မသွားဘူးလို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာလည်း ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့စံချိန်ဟောင်းတွေကို ရိုက်ချိုးပြီး စံချိန်သစ်တွေ တင်နိုင်ခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းထံ လက်လွှတ်ဆုံးရှုံးလိုက်ရတာကြောင့် ရော်နယ်ဒိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ဟာဇက်ကို ခေါ်ယူဖို့ ရွေးချယ်ထားတာဖြစ်ပါတယ်။

Photos: Le10sport

 

ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က အီဒင်ဟာဇက်ကို ပေါင်သန်း ၉၀ အပြင် အပိုဆုကြေးနဲ့ ချယ်ဆီးအသင်းထံကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးအသင်းက လက်မခံဘဲ ပယ်ချခဲ့တယ်လို့ TodoMercadoWeb ရဲ့သတင်းတစ်ရပ်အရ သိရပါတယ်။ ယနေ့မှာတော့ ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၇၀ နဲ့ ခေါ်ယူဖို့ ချယ်ဆီးအသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း Le10 Sport က ဖော်ပြခဲ့ပါတယ်။

ယင်းသတင်းအရ ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ရဲ့ကိုယ်စားလှယ်နဲ့တွေ့ဆုံပြီး ဟာဇက်ရဲ့စာချုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အီဒင်ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းမှာ တစ်ရာသီကို ပေါင် ၁၃.၅ သန်းအထိ ရရှိမယ်လို့ သိရပြီး အပြီးသတ်ခေါ်ယူနိုင်ဖို့ ချယ်ဆီးအသင်းနဲ့ စတင်ဆွေးနွေးနေကြပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က