ပေါ့ဂ်ဘာကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ရာသီကြိုပွဲစဉ်အဖြစ် ကလပ်အမေရိကအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ လာမယ့် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွက် အသင်းခေါင်းဆောင်လက်ပတ်ဘယ်သူဝတ်ဆင်မလဲဆိုတာ မစဉ်းစားထားရသေးကြောင်း ပြောကြားခဲ့ပါတယ်။

mourinho1-1024x609.jpg

ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ မိုက်ကယ်ကားရစ်ဟာ ပြီးခဲ့တဲ့ရာသီကုန်အထိအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပုံမှန်အားဖြင့် အသင်းအတွက် သက်တမ်းအရှည်ဆုံးကစားပေးနေတဲ့ ဗလင်စီယာက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပေးနေတာဖြစ်ပါတယ်။

မော်ရင်ဟိုက ဗလင်စီယာကို အမြဲတမ်းအတွက် အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြောင်းနဲ့ ဗလင်စီယာ မကစားနိုင်တဲ့အချိန်ကျရင် ဘယ်သူအသင်းခေါင်းဆောင်ဖြစ်မလဲဆိုတာကို ရှင်းပြခဲ့ပြီး အခြားကစားသမားတစ်ဦးကို အသင်းခေါင်းဆောင်လက်ပတ် လွှဲပြောင်းပေးဖို့ဘယ်သူဖြစ်မလဲဆိုတာ မစဉ်းစားရသေးကြောင်း ပြောကြားခဲ့ပါတယ်။

 

"ပြီးခဲ့တဲ့ရာသီတုန်းက အသင်းခေါင်းဆောင်က ဗလင်စီယာပါ။ ဒီရာသီမှာလည်း သူပဲ အသင်းခေါင်းဆောင်ဖြစ်ဦးမယ်ထင်ပါတယ်"

"ဒါပေမယ့် သူမကစားနိုင်တဲ့အချိန်ကျရင်တော့ ကျွန်တော်တို့ အသင်းခေါင်းဆောင်နေရာအတွက် ဆုံးဖြတ်ချက်ချမှတ်ရပါလိမ့်မယ်"

"ကစားပွဲထဲမှာ ရှိနေတဲ့သူတွေပေါ်မူတည်ပြီး စဉ်းစားရမှာပေါ့။ စမောလင်း ပါရင် စမောလင်း၊ ယန်းပါရင် ယန်း၊ ဟာရဲရားပါရင် ဟာရဲရား ဒါမှမဟုတ် မာတာ၊ တကယ်လို့ သူတို့တွေ ကစားပွဲထဲမှာရှိနေရင်တော့ သူတို့ထဲက တစ်ယောက်ကို ရွေးချယ်ရမှာပေါ့။ မာတစ်ကတော့ မန်ယူအသင်းခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းတွေအားလုံးရှိတယ်ဆိုပေမယ့် သူ ဒီကိုရောက်တာ ၁ နှစ်လောက်ပဲရှိသေးတယ်လေ"

"ဒါပေမယ့် ကျွန်တော် အသင်းခေါင်းဆောင်နေရာအတွက် သိပ်ဂရုမစိုက်တတ်ဘူး။ ကျွန်တော် ဂရုစိုက်တာက အဝတ်လဲခန်းထဲက နေထိုင်မှုပုံစံနဲ့ ခေါင်းဆောင်နိုင်မှုကိုပေါ့။ အဲဒါက အသင်းခေါင်းဆောင်လက်ပတ်ရဲ့ အဓိပ္ပာယ်ပဲ"လို့ ပြောကြားခဲ့ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းရဲ့ကွင်းလယ်ကို အကောင်းဆုံးပုံစံနဲ့ဦးဆောင်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာတို့ဟာ ဆက်ဆံရေးမပြေမလည်ဖြစ်နေသူတွေဖြစ်ပြီး ပေါ့ဂ်ဘာကလည်း မန်ယူကနေ ထွက်ခွာပြီး အသင်းဟောင်းဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုက အသင်းခေါင်းဆောင်နေရာအတွက် စဉ်းစားရမယ့်ကစားသမားစာရင်းကို ပြောကြားခဲ့ရာမှာ ပေါ့ဂ်ဘာရဲ့နာမည်ကို ချန်လှပ်ခဲ့တာဟာ ပေါ့ဂ်ဘာအတွက် စိတ်ပျက်စရာကိစ္စတစ်ခု ထပ်တိုးလာတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က