စပါးအသင်းက ပေါင် ၇၅ သန်းအထိ တိုးမြှင့်တောင်းဆိုထားပြီး မော်ရင်ဟိုကတော့ ရာသီမစခင်ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းထားပေမယ့်လည်း ပြီးခဲ့တဲ့ မေလကုန်ကတည်းက မန်ယူအသင်းအနေနဲ့ ကစားသမားအတွက် စပါးအသင်းထံ စ ကားပြောဆိုမှု လုပ်ဆောင်ထားခြင်းမရှိပါဘူး။


Photo - Goal.com

 

ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးကတည်းက ခေါ်ယူနိုင်ရေး စကားပြောနေတဲ့ စပါးအသင်းမှ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား အန်ဒါဝီရယ်အ တွက် မန်ယူနည်းပြ မော်ရင်ဟိုဟာ လက်မလျော့နိုင်သေးပါဘူး။

ကနဦးကမ်းလှမ်းမှု ပေါင် သန်း ၅၀ ကို စပါးအသင်းက ပေါင် ၇၅ သန်းအထိ တိုးလိုချင်နေခဲ့တာကြောင့်လည်း မန်ယူအသင်းအနေနဲ့ ခေါ်ယူနိုင် ရေး ကြန့်ကြာနေတာ ဖြစ်ပါတယ်။

Photo - Daily Star

 

အန်ဒါဝီရယ်ကို မရနိုင်ပါက ဒုတိယပစ်မှတ်အဖြစ် အေစီမီလန်မှ ဘိုနော့ဗ်ချီကို ပစ်မှတ်ထားပေမယ့်လည်း အန်ဒါဝီရယ်ကသာ မန်ယူအတွက် အဓိက ပစ်မှတ်ဖြစ်နေတာပါ။

မန်ယူအတွက် အလကား ပြန်ကစားပေးမယ် ဆိုတဲ့ မိုဗစ် 

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ မေလအကုန်ကတည်းက မန်ယူအသင်းအနေနဲ့ အန်ဒါဝီရယ်အတွက် စပါးအသင်းထံ စကားကမ်းလှမ်းတာမျိုး မလုပ် တော့ပဲ ရှိနေပြန်ပါတယ်။

Photo - tarafdari.com

 

စပါးအသင်းက မနှစ်က ရာသီက ပေါင် သန်း ၅၀ နဲ့ ကိုင်လီဝေါ်လ်ကာကို မန်စီးတီးအသင်းထံ ရောင်းချထားလို့ မန်ယူကလည်း အန်ဒါဝီရယ်ကို ပေါင် သန်း ၅၀ နဲ့ ပေးခေါ်နေကာ ရယူနိုင်ဖို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

မနှစ်က တစ်ရာသီလုံးစပါးအသင်းမှာ ဒါဗီဆင် ဆန်းချက်အောက် နေရာပျောက်ဆုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတော့ မိခင်နိုင်ငံ ဘယ်လ်ဂျီ ယံအသင်းနဲ့အတူ ခြေစွမ်းပြထားနိုင်တာကြောင့်လည်း စပါးအသင်းက တင်းခံနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ယူနည်းပြ မော်ရင်ဟိုက အန်ဒါဝီရယ်အနေနဲ့ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမတိုင်ခင် အသင်းကို ရောက်လာမယ် လို့ ယုံကြည်နေတယ်လို့လည် းသတင်းတွေက ဖော်ပြနေပြီး ဗလင်စီယာ၊စမောလင်း၊ဘိုင်လီနဲ့လုခ်ရှောတို့ ၄ ဦးမှ တစ်ဦးသာလျှင် ပွဲထွက်ခွင့်ရ မယ်လို့လည်း သိရပြန်ပါတယ်။

အကြောင်းကတော့ လက်ရှိမှာ မန်ယူအသင်းကရာသီကြို ပြင်ဆင်မှုအဖြစ် ဖရဒ်၊ဒီယေဂိုဒါလော့၊လီဂရန်တို့ကို ခေါ်ယူထားပြီး အင်အားဖြည့်ထား ကာ လက်ကျန် နောက်ခံ တစ်နေရာအတွက် အန်ဒါဝီရယ်ကို ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

အန်ဒါဝီရယ်ကတော့ လက်ရှိမှာ ကမ္ဘာ့ဖလား ကစားထားလို့ အနားရတဲ့ ရက်က ၂ ပတ်သာ ကျန်တော့ပြီး ရာသီအစ ပွဲတွေကိုတော့ ပွဲထွက်ခွင့် ရမယ် မထင်ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က