ဆာရီဟာ အီတလီစီးရီးအေမှာပဲ ကျင်လည်ခဲ့တာကြောင့် ကစားသမားအများစုကို စီးရီးအေကလပ်တွေနေအဓိကခေါ်ယူနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်အပြောင်းအရွှေ့ဈေးကွက်မှာ အရခေါ်နိုင်ဖို့အတွက် ဂျုဗင်တပ်တိုက်စစ်မှူး ဟီဂွာရင်နဲ့ နောက်ခံလူ ရူဂါနီတို့ကို စောင့်ကြည့်နေပါတယ်။ နည်းပြသစ် ဆာရီက ဒီအတွဲကို အလိုရှိနေတာပါ။

အသက် ၃၀အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွာရင်နဲ့ နောက်ခံလူ ရူဂါနီတို့ကို ဂျုဗင်တပ်အသင်းကနေ အရခေါ်နိုင်ဖို့ ချယ်လ်ဆီးနည်းပြသစ် ဆာရီက ကြိုးပမ်းနေပါတယ်။ ချယ်လ်ဆီးနည်းပြသစ် ဆာရီနဲ့ ဟီဂွာရင်တို့ဟာ ၂၀၁၅-၁၆ ဘောလုံးရာသီက အတူလက်တွဲဖူးပြီး သူ့ကိုခေါ်နိုင်ဖို့အတွက် ချယ်လ်ဆီးဟာ ပြောင်းရွှေ့ကြေး ပေါင်၅၃သန်းအထိ သုံးဖို့ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းစာ ဟီဂွာရင်ရဲ့အပြောင်းအရွှေ့အတွက် ကစားသမားရဲ့အစ်ကိုဖြစ်သလို အေးဂျင့်လည်းဖြစ်တဲ့ နီကိုလပ်စ်ရဲ့ အာဂျင်တီးနား အားလပ်ရက်အပန်းဖြေခရီး အပြန်ကို စောင့်နေပါတယ်။ ဟီဂွာရင်ရဲ့အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ချယ်လ်ဆီးတိုက်စစ်မှူးတွေဖြစ်တဲ့ ဂျရူး၊ မိုရာတာ တို့ အသင်းကထွက်ခွာဖွယ်ရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ချယ်လ်ဆီးဟာ ဂျုဗင်တပ်အသင်းကနေ ဟီဂွာရင်တစ်ဦးတည်းကိုခေါ်ချင်တာမဟုတ်ပဲ အသက် ၂၃နှစ်အရွယ် အီတလီလူငယ်နောက်ခံလူ ရူဂါနီ ကိုလည်း ခေါ်ယူနိုင်ဖို့ ချဉ်းကပ်နေပါတယ်။ ဂျုဗင်တပ်အသင်းကတော့ ဒီလူငယ်နောက်ခံလူကို ရောင်းချဖို့အတွက် ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက ဒီကစားသမား နှစ်ယောက်အတွက် ယူရိုသန်း ၁၀၀ (ပေါင် ၈၉သန်း) အထိ ပေးဖို့အတွက် ကမ်းလှမ်းထားပါတယ်။

အီတလီလူမျိုးနည်းပြ ဆာရီဟာ နည်းပြဘဝတစ်လျှောက်လုံး အီတလီစီးရီးအေမှာပဲ ကျင်လည်ခဲ့တာကြောင့် ကစားသမားအများစုကို စီးရီးအေကလပ်တွေနေအဓိကခေါ်ယူနေပါတယ်။

 

Share

Loading Next Article...
က္က