မော်ရင်ဟိုရဲ့အထင်ကြီးလေးစားမှုကို ရရှိအောင် ကြိုးစားပြသနေရသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲဒုတိယပွဲစဉ်အဖြစ် ယမန်နေ့က San Jose Earthquakes အသင်းနဲ့ ဆန်တာကလာရာမှာတည်ရှိတဲ့ လီဗိုက်ကွင်းထဲမှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာ မန်ယူအသင်းရဲ့ဘယ်နောက်ခံကစားသမားလုခ်ရှောဟာ နည်းပြမော်ရင်ဟိုရဲ့ရှေ့မှာ ပြိုင်ဘက်ကစားသမားရဲ့အရူးလုပ်ခြင်းခံခဲ့ရပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ San Jose Earthquakes အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ပြီးခဲ့တဲ့ ကလပ်အမေရိကားအသင်းနဲ့ပွဲစဉ်မှာလည်း တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဆန်ဟိုဆေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ မန်ယူအသင်းရဲ့ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ နစ်ခ်လီမာရဲ့အရူးလုပ်ခြင်းကိုခံခဲ့ရပြီး ပေါင်ကြားထဲကနေ ဘောလုံးကို ထုတ်ပြီး နစ်ခ်လီမာက လုခ်ရှောကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လုခ်ရှောဟာ နည်းပြမော်ရင်ဟိုရဲ့ဝေဖန်မှုကို ခံခဲ့ရသူဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ နည်းပြမော်ရင်ဟိုရဲ့အထင်ကြီးလေးစားမှုရရှိအောင် ခြေစွမ်းပြသနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် လုခ်ရှောကို နစ်ခ်လီမာ အရူးလုုပ်ခဲ့တဲ့နေရာဟာ မန်ယူအသင်းသားတွေနဲ့ နည်းပြမော်ရင်ဟိုတို့ရှိရာ နေရာဖြစ်နေတာဖြစ်ပါတယ်။

 

လုခ်ရှောဟာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာက ပြန်လည်ကောင်းမွန်လာချိန်မှာလည်း ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေကြောင့် နည်းပြမော်ရင်ဟိုက အရန်ခုံမှာသာ ထိုင်နေစေခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ပရိသတ်တွေဟာ ယင်းပွဲစဉ်က လုခ်ရှောရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေကြကြောင်းကို လူမှုကွန်ရက်မှာ ဖော်ပြခဲ့ကြပါတယ်။

အချို့ပရိသတ်တွေကလည်း လုခ်ရှောရဲ့အဖြစ်အပျက်ဟာ ဂျူဗင်တပ်အသင်းရဲ့ဘယ်နောက်ခံကစားသမား အဲလက်စ်ဆန်ဒရိုကို ခေါ်ယူပေးဖို့ တွန်းအားတစ်ခုဖြစ်လာစေမယ်လို့ ယူဆနေကြပါတယ်။ ပရိသတ်တွေဟာ မေဂျာလိဂ်တောင်ပံကစားသမားတစ်ဦးရဲ့ အရူးလုပ်ခြင်းကို ခံလိုက်ရတဲ့ လုခ်ရှောကို လှောင်ပြောင်ခဲ့ကြပြီး လူမှုကွန်ရက်မှာ ၎င်းတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က