ဝီလီယံကို ကမ်းလှမ်းခဲ့တာပါ။

ချယ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းက ဝီလီယံကို ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းမှုအပေါ်မှာ လက်ခံရမလားဆိုတာကို စဉ်းစားနေတယ်လို့ သိရပါတယ်။ ဝီလီယံဟာ ဆရာဟောင်းဖြစ်သူ နည်းပြမော်ရင်ဟိုရှိရာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး ချယ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက်မန်ယူကို ရောင်းမယ့်အစား ဘာစီလိုနာအသင်းကို ရောင်းချဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။



896192206.jpg 

ချယ်ဆီးအသင်းဒါရိုက်တာ မာရီနာဂရာနော့ဗ်စကိုင်ရာနဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်တို့ဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကစားသမားတွေနဲ့ နည်းပြအဖြစ် ဆာရီကို ခန့်အပ်မှုအပေါ် အကဲဖြတ်သုံးသပ်ဖို့အတွက် ယခုအပတ်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

စပိန်လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာ ဝီလီယံကို သုံးကြိမ်မြောက် ကမ်းလှမ်းခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း အပြိုင်အဆိုင် ကမ်းလှမ်းလာမယ်လို့ မျှော်လင့်ရပြီး ဝီလီယံအတွက် ဘာစီလိုနာအသင်းက ပိုမိုစွဲဆောင်နိုင်စွမ်းရှိနေတာဖြစ်ပါတယ်။ အသင်းရဲ့ဝင်ငွေဟာ ဆာရီလိုအပ်နေတဲ့ လူစာရင်းကို ဖြည့်တင်းနိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပြီး အထူးသဖြင့် ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အီဒင်ဟာဇက်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ချယ်ဆီးအသင်းက ငွေကြေးလိုအပ်နေတာဖြစ်ပါတယ်။

 

ချယ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်း ကစားသမား ၃ ဦးဖြစ်တဲ့ တိုက်စစ်မှူး ဂွန်ဇာလိုဟီဂူအင်၊ နောက်ခံကစားသမား ရူဂါနီနဲ့လည်း ပြောဆိုဆွေးနွေးနေဆဲဖြစ်ပြီး မက်တီရာကယ်ဒါရာကိုလည်း ခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် ချယ်ဆီးအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားအသင်းနဲ့အတူ အကောင်းဆုံးပုံစံပြသခဲ့တဲ့ စီအက်စ်ကေအေမော်စကိုအသင်းကွင်းလယ်ကစားသမား အလက်ဇန္ဒားဂိုလိုဗင်ကို မိုနာကိုအသင်းနဲ့အပြိုင် ခေါ်ယူနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ဗဟိုခံစစ်ကစားသမား ဂယ်ရီကာဟေးလ်ကို စိတ်င်စားနေတဲ့အသင်းတွေထဲမှာ လက်စတာစီးတီးအသင်းကလည်း ပါဝင်နေပြီး ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်း ဂိုးသမား ကော်တိုရစ်ကို ခေါ်ယူနိုင်ဖို့ ဆက်လက်တွန်းအားပေးနေဆဲဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ အဲဗာတန်အသင်းရဲ့ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် ကစားသမားဟောင်းဖြစ်တဲ့ အာဆင်နယ်အသင်းဂိုသမား ပီတာချက်၊ ဂျိုးဟတ်နဲ့ ဂျက်ဘတ်တလန်တို့ကို ခေါ်ယူဖို့ ဒုတိယဦးစားပေးအဖြစ် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က