ဒမ်ဘီလီကလည်း ဘာကာကထွက်ခွာဖို့ စဉ်းစားနေတာပါ။

လီဗာပူးလ်အသင်းဟာ ဘာစီလိုနာ တောင်ပံကစားသမား အူစမန်ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ဆုံးဖြတ်လိုက်တယ်လို့ 90 min က ဖော်ပြခဲ့ပါတယ်။ တိုက်စစ်ကစားပုံ အားသန်တဲ့ နည်းပြကြီး ကလော့ပ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမိုအင်အားတောင့်တင်းအောင် ဖွဲ့စည်းဖို့ ဆန္ဒရှိနေပြီး ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားတော့မှာ ဖြစ်ပါတ်ယ။



Photo : Eurosport

 

ဘာစီလိုနာအသင်းရဲ့ ကစားသမား ခေါ်ယူမှုအဖြစ် မယ်လ်ကွန်ကို ခေါ်ယူခဲ့တဲ့နောက် ဒမ်ဘီလီဟာ အသင်းရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ မယ်လ်ကွန်ကို ခေါ်ယူမှုဟာ သူ့ကို နူးကမ့်ကနေ ထွက်ခွာဖို့ ဖိအားပေးသလို ခံစားနေရတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပြီး ဒမ်ဘီလီဟာ အသင်းက ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Photo : 90 min

 

ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့် ရရှိမယ့် ကစားသမားစာရင်းမှာ ပါဝင်ဖို့လည်း ဒမ်ဘီလီဟာ အားထုတ်ခဲ့ရပြီး ထင်သလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

မယ်လ်ကွန်ကို ကြားဖြတ်ခေါ်ယူနိုင်ခဲ့တဲ့ ဘာစီလိုနာ 

Photo : 90 min

 

ဒမ်ဘီလီကို လီဗာပူးလ်က ခေါ်ယူဖို့ ကြိုးစားတော့မယ်ဆိုတဲ့ သတင်းကို Liverpool Echo ဝက်ဘ်ဆိုက်က ဖော်ပြခဲ့တာဖြစ်ပြီး 90 min က ကိုးကားရေးသားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ဒမ်ဘီလီ ရွေးချယ်ခံခဲ့ရပြီး ကမ္ဘာ့ဖလားကို ရယူပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်အသင်းမှာ ဒမ်ဘီလီဟာ အရန်ကစားသမားအဖြစ်သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။

Photo : 90 min

 

ဒီနှစ်ဘောလုံးရာသီမှာ အသင်းကို အကြီးအကျယ်ပြင်ဆင်မှု ပြုလုပ်နေတဲ့ လီဗာပူးလ်အသင်းဟာ ကစားသမား (၁၀)ဦးအထိ ပြန်လည်ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကစားသမားခေါ်ယူမှုအဖြစ် လီဗာပူးဟာ ကီတာ၊ ဖာဘင်ဟို၊ အယ်လစ်ဆန်၊ ရှာကွီရီတို့ကို ခေါ်ယူထားပြီး ပရီးမီးယားလိဂ်ဆုဖလားကို ရယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က