ပရီးမီးယားလိဂ်ဖလားအတွက် ဖိအားတွေတိုးစေတယ်လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုက ယခုနှစ်နွေရာသီမှာ လီဗာပူးအသင်းရဲ့ငွေကြေးသုံးစွဲနေမှုကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖိအားတွေ ဝင်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ရာသီသစ်မစတင်မီမှာ အပြောင်းအရွှေ့အတွက် ပေါင်သန်း ၁၇၀ အထိ သုံးစွဲထားပြီးဖြစ်ပါတယ်။


sei_23053022-93a9.jpg

Photos: Metro

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂ နှစ်က နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဂျူဗင်တပ်အသင်းကနေ ပေါ့ဂ်ဘာကို ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့ပြီး ယင်းအချိန်က ယာဂင်ကလော့ပ်က မော်ရင်ဟိုရဲ့ငွေသုံးကြမ်းမှုအပေါ် ဝေဖန်ခဲ့ဖူးတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ယခုနှစ်နွေရာသီမှာ အယ်လီဆင်၊ ဖေဘင်ဟို၊ ရှာကွီရီ၊ နဘီခီတာတို့အတွက် ပေါင်သန်း ၁၇၀ အထိ သုံးစွဲထားပြီး မန်ယူအသင်းနည်းပြမော်ရင်ဟိုက ယာဂင်ကလော့ပ်အနေနဲ့ ငွေကြေးများစွာသုံးစွဲထားတဲ့အတွက် ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ဖြစ်အောင် ကြိုးပမ်းရမယ့်ဖိအားတွေ ခံရလိမ့်မယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

Photos: Metro

 

"ခင်ဗျားမှာသာ ပိုက်ဆံရှိမယ်ဆိုရင် ခင်ဗျား ကောင်းကောင်းရင်းနှီးမြှုပ်နှံမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘဏ်ထဲမှာ ထည့်ထားတာထက်စာရင် ပိုကောင်းတယ်လေ။ ဘဏ်တိုးက နည်းတာကိုး"

"ပြဿနာက ဘာလဲဆိုတော့ ခင်ဗျားအနေနဲ့ ကောင်းကောင်းရင်းနှီးမြှုပ်နှံရမယ်။ အရိုးသားဆုံးပြောရရင် သူတို့ အရမ်းကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ခေါ်ယူခဲ့တဲ့ကစားသမားတွေအားလုံးက အရည်အသွေးရှိတဲ့ကစားသမားတွေဖြစ်နေလို့ပါ။ သူတို့အတွက် ကျွန်တော် ဝမ်းသာပါတယ်"

၂၀၁၈ ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးသွင်းဂိုးကို ထုတ်ပြန်ကြေညာလိုက်တဲ့ ဖီဖာ 

"ပြီးတော့ အရင်တုန်းက ယာဂင်ကလော့ပ်ပြောခဲ့ဖူးတဲ့မှတ်ချက်စကားနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် ပြုံးမိပါတယ်။ ခင်ဗျား သိလား။ ခင်ဗျားရဲ့အတွေးအမြင်တွေကို ပြောင်းလဲပြီး လူတစ်ယောက်အဖြစ်ကိုလည်း ပြောင်းလဲနိုင်တယ်။ အဲဒါ ဟာသပါပဲ"

"အဲဒါက အဆင်ပြေပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ခင်ဗျား သူတို့ဒီရာသီမှာ အနိုင်ရတာပဲ လိုချင်မှာပဲ"

"ခင်ဗျားအနေနဲ့ မျှတမှုရှိရမယ်။ ပြီးတော့ အခု ခင်ဗျား သူတို့ ဖလားရမှာပဲလို့ စိတ်ထဲကနေ ပြောနေလိမ့်မယ်"

"ခင်ဗျားက အသင်းကို ပြောရမယ်။ ပြီးခဲ့တဲ့ရာသီက ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုရယ်၊ အခု ပြုလုပ်ခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုရယ်ကိုပေ့ါ။ ဘာကြောင့်လဲဆိုတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ သေချာပေါက်မှတ်တမ်းဝင်သွားမှာမို့လို့ပဲ။ သူတို့မှာ ရှိသလောက် ကုန်ခါနီးလောက်အထိ သုံးပစ်တဲ့သူ ကျွန်တော် တစ်ယောက်မှ မတွေ့ဖူးဘူး"

"ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိခဲ့တဲ့အသင်းဖြစ်တဲ့အတွက် ခင်ဗျားက အဲဒီအသင်းကို ခင်ဗျားတို့ဟာ ရေပန်းအစားဆုံးအသင်းပါပဲ။ ပရီးမီးယားလိဂ်ဖလားကို ရယူရမယ်လို့ ပြောရမှာပဲ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က