အသက်က ၁၈နှစ်၊ ရှက်တတ်တဲ့ကောင်လေး၊ စတော့ပေါ့မှာမွေးတယ်။ ဘောလုံးကစားဖို့ပဲ စိတ်ဝင်စားတယ်။

မန်ချက်စတာစီးတီးအသင်းက လူငယ်ကွင်းလယ်ကစားသမား ဖီလ်ဖိုဒင်ဟာ မန်စီးတီးအသင်းပထမဆုံး ပရီးမီးယားချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၂ဘောလုံးရာသီမှာ ဘောကောက်လူငယ်လေးဘဝမှာပဲ ရှိနေပါသေးတယ်။ အခုတော့ သူက မန်စီးတီးကွင်းလယ်မှာ နေရာတစ်နေရာရဖို့အတွက် ကမ္ဘာကျော်တွေနဲ့ ပြိုင်ဆိုင်နေတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်နေပါပြီ။

4E997F3600000578-0-Vincent_Kompany-m-25_1532632833288.jpg 

ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ မန်ချက်စတာဒါဘီ။ မန်စီးတီးရဲ့အိမ်ကွင်းထဲမှာရှိနေတဲ့ လူအားလုံးရဲ့စိတ်အာရုံက တစ်နေရာတည်းမှာ…။ မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက မန်ယူဂိုးသမား ဒီဂီယာကိုကျော်ပြီး ခေါင်းတိုက်လိုက်တဲ့ဘောလုံး ဂိုးပိုက်နဲ့မိတ်ဆက်သွားချိန်မှာတော့ လူငယ်ဘောကောက်လေးတစ်ယောက်ဟာ ဘောလုံးကွင်းထဲက မယုံနိုင်စရာကောင်းတဲ့ဖြစ်ရပ်ကြောင့် လေထဲမြောက်တက်သလိုခံစားရပြီး မန်စီးတီး ကစားသမားတွေနဲ့ အောင်ပွဲခံဖို့ကြိုးစားခဲ့ပါတယ်။

ဒါက လွန်ခဲ့တဲ့ ခြောက်နှစ်က အဖြစ်အပျက်ပါ။ အဲ့ဒီဘောကောက်လူငယ်လေးနာမည်က ဖိုဒင်ပါ။ ကွန်ပနီရဲ့သွင်းဂိုးနဲ့ မန်ချက်စတာဒါဘီပွဲအနိုင်က ၁၉၆၈ခုနှစ်ကတည်းက ဆုဖလားတွေနဲ့ဝေးကွာခဲ့တဲ့ မန်စီးတီး ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ တစ်နေ့မှာ မန်စီးတီးရဲ့သူရဲကောင်းတွေနဲ့ ဘောလုံးတွဲကစားခွင့်ရဖို့ မျှော်လင့်ထားပေမယ့် လက်တွေ့ကြုံလာချိန်မှာတော့ ဖိုဒင်အတွက် အရာရာက အိပ်မက်လိုပါပဲ။

 

“ကွန်ပနီခေါင်းတိုက်လိုက်တဲ့အချိန်မှာ ကျွန်တော်က ဆန့်ကျင်ဖက်ဂိုးတိုင်ဖက်အခြမ်းမှာဗျ။ ဒီပွဲကအရေးကြီးတယ်။ အဲ့ဒီအချိန်မှာအသင်းက ဂိုးသွင်းလိုက်တယ်။ ဘာပြောကောင်းမလဲ ပတ်ဝန်းကျင်တစ်ခုလုံး အရူးတွေလိုပဲ။ ကျွန်တော် သတိပြန်ဝင်တော့ သူတို့ (မန်စီးတီးကစားသမားတွေ) အပေါ်ကို ခုန်တက်ဖို့ကြိုးစားနေတာပဲ။”

အသက်က ၁၈နှစ်၊ ရှက်တတ်တဲ့ကောင်လေး၊ စတော့ပေါ့မှာမွေးတယ်။ ဘောလုံးကစားဖို့ပဲ စိတ်ဝင်စားတယ်။ ဒီကောင်လေးကို မန်စီးတီးနည်းပြ ဂွာဒီယိုလာက မန်စီးတီးအကယ်ဒမီကနေဆွဲခေါ်ပြီး အသင်းကြီးပို့ထားတာ တစ်နှစ်ရှိပါပြီ။ “အကယ်ဒမီမှာတုန်းက အချိန်ရတာနဲ့ ရပ်ကွက်ထဲပြန်ပြီး ဘောလုံးကန်တာပဲ။ အရင်ကဆို မန်စီးတီးကစားသမားတွေကိုကြည့်ဖို့ ခရီးတွေထွက်ပြီးတောင် လိုက်ခဲ့ရတာ။ အခုတော့ အားလုံးပြောင်းလဲသွားပြီ။

 

ဟုတ်ပါတယ်။ တကယ့်ကို ပြောင်းလဲသွားခဲ့တာပါ။ ငယ်ရွယ်လွန်းတဲ့ လူငယ်ကလေးအတွက်တော့ ဘယ်လိုနိုင်အောင်ကစားရမလဲဆိုတဲ့ နည်းစနစ်၊နည်းဗျုဟာတွေနဲ့ စတွေ့ချိန်ကတော့ ဒူးတုန်သွားမတတ်ပါပဲ။ ဒါပေမယ့် ဖိုဒင်အတွက် ဘုရားက လူနှစ်ယောက်နဲ့ဆုံတွေ့အောင်ဖန်တီးပေးခဲ့ပါတယ်။ အာတီတာနဲ့ ဒေးဗစ်ဆေးလ်ဗါးပါ။ ဒီစပိန်နှစ်ယောက်က အင်္ဂလန်လူငယ်လေးကို မန်စီးတီးမှာ သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ “ကျွန်တော် အာတီတာနဲ့ တစ်ဦးချင်းလေ့ကျင့်ခန်းတွေ လုပ်ဖူးတယ်။ အခုအချိန်အထိ သူ့ရဲ့ထိချက်တိုင်းက ရွှေ ဖြစ်နေတုန်းပဲ။ သူက နည်းပြလုပ်နေပေမယ့် ဒီအချိန်အထိ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဗျ။ ဒေးဗစ်(ဒေးဗစ်ဆေးလ်ဗား) ကတော့ ကျွန်တော့် အိုင်ဒေါပါ။ ကျွန်တော်အမှားလုပ်ပြီး ဒီကထွက်မသွားရအောင် သူက ကူညီပေးတယ်။”

 

တကယ်တော့ ဖိုဒင်က မန်စီးတီးမှာကစားဖို့ထိုက်တန်တဲ့ အရည်အသွေးကောင်းတွေပိုင်ဆိုင်ထားသူပါ။ ခပ်ညံ့ညံ့ကစားသမားတော့မဟုတ်ပါဘူး။ လက်ရွေးစင် ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈၊ ယူ-၁၉ အသင်းတွေရဲ့အားထားရတဲ့ အမာခံကစားသမားပါ။ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကတော့ ၂၀၁၇ဖီဖာယူ-၁၇ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုလည်းရခဲ့သူပါ။ ၂၀၁၇ခုနှစ်ရဲ့ BBCလူငယ်အကောင်းဆုံးအားကစားသမားဆုလည်း ရယူထားနိုင်ပါတယ်။

 

သူ့ရဲ့လက်ရွေးစင်ရည်မှန်းချက်က “ကျွန်တော် ရုရှားကမ္ဘာ့ဖလားဝင်ကစားဖို့ အဆင်သင့်မဖြစ်ခဲ့ပေမယ့် ကာတာမှာကစားခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ မန်စီးတီးကတော့ ကျွန်တော့်အိမ်ပါ။ နည်းပြ လက်ခံသရွှေ့ရှိနေမှာပါ။” ဘောကောက်လူငယ်လေးတစ်ဦးရဲ့အိပ်မက်ကတော့ ရှင်သန်နေပါပြီ။ သူ့ကို စင်တော်ကကောက်ထားပြီးဖြစ်လို့ စင်ပေါ်မှအသုံးတော်ခံဖို့ပဲရှိပါတော့တယ်။ ဖိုဒင်တစ်ယောက် ကမ္ဘာ့ဘောလုံးစင်မြင့်မှာ ဘယ်လောက်အထိအသုံးတော်ခံနိုင်မလဲ ဆိုတာကတော့…….။

Share

Loading Next Article...
က္က