လိုက်မကြည့်ကြဖို့ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားနေတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေက ရလဒ်ဆိုးတွေကြောင့် ဒေါသထွက်နေပြီး ပရိသတ်တွေအနေနဲ့ မန်ယူအသင်းရဲ့ပွဲစဉ်တွေကို လိုက်ကြည့်ပြီး ပိုက်ဆံမဖြုန်းသင့်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

4EA9044800000578-6003107-image-a-87_1532821142515.jpg

Photos: Daily Mail

ယနေ့နံနက်က လီဗာပူးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရာသီကြိုပွဲစဉ် ၃ ပွဲကစားပြီးချိန်အထိ နိုင်ပွဲတစ်ပွဲမှ မရရှိသေးတာဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ အသင်းအတွက် ရာသီကြိုပွဲစဉ်ယှဉ်ပြိုင်ကစားပေးဖို့ လာရောက်ခဲ့ခြင်းမရှိဘဲ အောင်ပွဲခံကောင်းနေတုန်းဖြစ်နေတာကလည်း အသင်းဖော်တွေကို စိတ်ဓာတ်ပိုင်းအရ ပျက်ပြားစေကြောင်း နည်းပြမော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်ပြီး နိုင်ပွဲဆက်လက်ပျောက်ဆုံးခဲ့တဲ့ မန်ချက်စတာယူနိုက်တက် 

"ဒီကွင်းကြီးထဲမှာရှိနေရတာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်သာ သူတို့ဖြစ်ခဲ့ရင် ဒီကိုလာမှာမဟုတ်ပါဘူး။ ဒီအသင်း ၂ သင်းကစားတာကြည့်ဖို့အတွက် ကျွန်တော့်ရဲ့ပိုက်ဆံတွေကို သုံးစွဲသွားမှာမဟုတ်ပါဘူး။ အစောပိုင်းက ကစားခဲ့တဲ့ ချယ်ဆီးနဲ့အင်တာမီလန်ပွဲကို ကျွန်တော် ကြည့်ခဲ့သေးတယ်။ ပရိသတ်တွေက ကမ်းခြေသွားတာပိုကောင်းတယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကွင်းထဲမှာ လူတောင်မရှိပါဘူး"

"ဒီမှာရှိနေတဲ့လူတွေက သူတို့ရဲ့အသင်းကို ဘယ်လောက်အထိချစ်တယ်ဆိုတာ ပြသနေကြတာပါ။ အဲဒါ အရမ်းကို ထူးခြားဆန်းကြယ်ပါတယ်"

"ဟာရဲရားအနေနဲ့ အရာအားလုံးကို ပေးဆပ်ပြီး ကစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုုတော့ ပရိသတ်တွေကို သူလေးစားလို့ပါ။ ပရိသတ်တွေအနေနဲ့လည်း အံ့အားသင့်စရာဂိုးနှစ်ဂိုး(ပါရဲရားရဲ့အလွတ်တည်ကန်ဘောနဲ့ ရှာကွီရီရဲ့နောက်ပြန်ကန်ချက်)ကို မြင်တွေ့ခဲ့ရပါတယ်"

Photos: Daily Mail

 

သတင်းထောက်တွေက နည်းပြမော်ရင်ဟိုကို လူအင်အားဖြည့်တင်းဖို့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နည်းပြမော်ရင်ဟိုက လူအင်အားဖြည့်တင်းစရာမလိုဘဲ အသင်းရဲ့ကစားသမားတွေ လူစုံပါဝင်ဖို့ပဲလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

"လူအင်အားဖြည့်တင်းဖို့ ဘာမှလုပ်စရာမရှိပါဘူး။ လူအင်အားဖြည့်တင်းဖို့က ပေါ့ဂ်ဘာ၊ ဖယ်လိုင်နီ၊ လင်ဒီလော့ဖ်၊ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊ မာတစ်၊ ဗလင်စီယာတို့ အသင်းကို ပြန်ရောက်လာတာပါပဲ"

နောက်ဆုံးရ နံနက်ခင်းသတင်းများ 

"ဒါက ကျွန်တော်တို့ အသင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ပွဲထွက်လူစာရင်းလည်းမဟုတ်ပါဘူး။ အသင်းရဲ့အဓိကကစားသမားတွေ ကစားသွားတာမဟုတ်ပါဘူး။ အဓိကကစားသမားတွေထဲက တချို့ဆိုရင် လူစာရင်းထဲတောင် မပါလာကြပါဘူး။ လူအင်အားဖြည့်တင်းဖို့ဆိုတာ ခင်ဗျားပြောချင်တာက ကျွန်တော် ဝယ်ချင်တဲ့ကစားသမားကို ဝယ်ပြီး အသင်းရဲ့လူစာရင်းထဲ ထည့်ဖို့ပြောနေတာ။ အခုဟာက တခြားကိစ္စ။ အခုဟာက ကျွန်တော်တို့လူစာရင်းရဲ့ ၃၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။ အဲဒီတော့ လူအင်အားဖြည့်တင်းဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးနဲ့ မကြည့်ပါနဲ့"

"ကျွန်တော်တို့မှာ သေလုမျောပါးကစားပေးနေတဲ့ ကစားသမား ၄၊ ၅ ယောက်ရှိတယ်။ ဘာကြောင့် သူတို့ကစားပေးလဲဆိုတော့ သူတို့ကအသင်းကို ဂရုစိုက်တယ်။ သူတို့အသင်းအတွက် အရာအားလုံးကို ပေးဆပ်နေကြတဲ့သူတွေ။ သူတို့အတွက် အန္တရာယ်ရှိတာတောင် စွန့်စားပြီး ကစားပေးနေတာ။ ဘာကြောင့်လဲဆိုတော့ အေစီမီလန်၊ လီဗာပူး၊ ရီးရဲမက်ဒရစ်တို့လိုအသင်းတွေကို ချာတိတ်တွေချည်း မကန်ခိုင်းစေချင်လို့ပေါ့။ အဲဒီလို သူတို့မလုပ်စေချင်ကြဘူးလေ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က