လိဂ်ပွဲစဉ်တွေနဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာ ကျင့်သုံးသွားမှာပါ။

နည်းပြတွေအနေနဲ့ ယခုရာသီမှာ နည်းစနစ်ညွှန်ကြားရေးဧရိယာထဲမှာ ဆိုးရွားတဲ့အပြုအမူတွေပြုလုပ်ခဲ့မယ်ဆိုရင် ကစားသမားတွေလိုမျိုး အဝါကတ်၊ အနီကတ်ပြသခံရမယ့် စနစ်သစ်ကို စတင်ကျင့်သုံးမယ်လို့ သိရပါတယ်။ ယင်းစနစ်သစ်ကို လိဂ်ဖလားနဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာ အသုံးပြုသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အသုံးမပြုဘူးလို့ သိရပါတယ်။

gettyimages-471086888.jpg

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ ကျင်းပတဲ့ပြိုင်ပွဲတွေဖြစ်တဲ့ EFL ဖလား၊ FA ဖလားပြိုင်ပွဲတွေမှာ နည်းပြတွေ ဆိုးရွားတဲ့အပြုအမူတွေပြုလုပ်ခဲ့မယ်ဆိုရင် သမားရိုးကျအတိုင်း ပွဲကြည့်စင်ကနေ ကြည့်ရှုစေတဲ့ပြစ်ဒဏ်ထက် အဝါကတ်၊ အနီကတ် ပြသပြီး အရေးယူတဲ့စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နည်းပြတစ်ဦးအနေနဲ့ တစ်ရာသီမှာ အဝါကတ် ၄ ကတ်ထက် ပိုမိုပြသခံရမယ်ဆိုရင် ပွဲကြီးကြပ်ခွင့်တစ်ပွဲ အလိုအလျောက်ပိတ်ပင်ခံရမှာဖြစ်တယယ်လို့ သိရပြီး အဝါကတ်ပြား ၈ ကြိမ် ပြသခံထားရတယ်ဆိုရင် ၂ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ ၁၆ ကတ်အထိ ပြသခံရမယ်ဆိုရင်တောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စစ်ဆေးကြားနာမှုကို ခံယူရမှာဖြစ်ပါတယ်။

 

လိဂ်ဖလားပြိုင်ပွဲနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတို့နဲ့ စနစ်ချင်းတူညီပေမယ့် အဝါကတ်၊ အနီကတ်ပြား ပြသတဲ့စနစ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ EFL အမှုဆောင်အရာရှိချုပ် ရှောင်ဟာဗေးက ယခုလာမယ့်ရာသီမှာ စတင်ကျင့်သုံးမယ့် စနစ်သစ်နဲ့ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုရဲ့နေရာမှာ အစားထိုုးမယ့်နည်းပြသစ်ကို တွေ့ရှိထားပြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် 

"အရန်ခုံမှာ ပြုလုပ်တဲ့ အပြုအမူအတွက် စည်းကမ်းထိန်းသိမ်းရေးလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူတာတွေရှိပါတယ်။ ဒါပေမယ့် ခင်ဗျားက ဒိုင်လူကြီးတွေရဲ့ပြောဆိုတာကို ခံရတဲ့ နည်းပြတစ်ယောက်ဖြစ်မနေခဲ့ဘူးဆိုရင် ဒါမှမဟုတ် ဒိုင်လူကြီးနဲ့ စကားပြောတဲ့ နည်းပြတစ်ယောက်ဖြစ်မနေခဲ့ဘူးဆိုရင် ဘာတွေဖြစ်မလဲဆိုတာ ဘယ်တော့မှ သေချာရှင်းရှင်းလင်းလင်းဖြစ်မှာမဟုတ်ပါဘူး"

"အဲဒီတော့ ကျွန်တော်တို့ သဘောတူညီခဲ့တာက ဘာလဲဆိုတော့ တကယ်လို့ အရန်ခုံမှာ ဘယ်လူပုဂ္ဂိုလ်မဆို များသောအားဖြင့် နည်းပြပေါ့။ သူ့ရဲ့အပြုအမူဟာ မသင့်လျော်ဘူးလို့ ယုံကြည်ရတဲ့အဆင့်အထိ ရောက်လာခဲ့မယ်ဆိုရင် ကစားပွဲထဲမှာ ကစားသမားကို သတိပေးတဲ့အတိုင်းပဲ ကွင်းလယ်ဒိုင်က အရန်ခုံမှာထိုင်နေတဲ့ နည်းပြကို အဝါကတ်လှမ်းပြလို့ရတယ်"

"တကယ်လို့ ဆက်ပြီး မသင့်လျော်တာတွေကို ပြုမူနေမယ်ဆိုရင် နောက်ထပ် ဒုတိယအကြိမ်အဝါကတ်ပြား ပြသဖို့ အခွင့်အလမ်းရှိပါတယ်။ အဲဒီအဆင့်မှာတော့ နည်းပြကို နည်းစနစ်ညွှန်ကြားရေးဧရိယာထဲကနေ ထွက်သွားဖို့ ပြောရပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ အခြေအနေတွေတင်းမာလာရင်တော့ နည်းပြအနေနဲ့ အနီကတ်ပြသခံရပြီး ကွင်းအတွင်းကနေ အထုတ်ခံရပြီး ပွဲကြည့်စင်က သွားကြည့်ရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

 

စိတ်ဝင်စားစရာအချက်တစ်ခုအနေနဲ့ နည်းပြတွေအနေနဲ့ တကယ်လို့ ကွင်းလယ်ဒိုင်ကို တိုက်ရိုက်ပြစ်တင်ကျိန်းမောင်းတာမျိုးမလုပ်ခဲ့ရင်တောင်မှ သူတို့ရဲ့စီမံခန့်ခွဲရေးဝန်ထမ်းတစ်ဦးရဲ့အပြုအမူတွေကြောင့်ပါ အဝါကတ်ပြားပြသခံရနိုင်တာကြောင့် ပိုပြီးတာဝန်ယူမှု၊ တာဝန်ခံမှုရှိလာမှာဖြစ်ပါတယ်။

သတိပေးမှုကို အဆင့် ၂ ဆင့် သတ်မှတ်ထားပြီး ပထမအဆင့်-သတိပေးခြင်းမှာ ဆိုးရွားတဲ့စကားလုံး၊ သဘောထားကွဲလွဲမှု၊ ပြစ်ဒဏ်ပေးဖို့ ကွင်းလယ်ဒိုင်ကို ကတ်ပြားပုံစံပြသပြီး ဖိအားပေးမှုတို့ ပါဝင်တယ်လို့ သိရပါတယ်။ အနီကတ်ပြားပြသပြီး ကွင်းအတွင်းကနေ ထွက်ခွာစေတာကိုတော့ ဒုတိယအဆင့်-အရေးယူခြင်းလို့ သိရပါတယ်။

Share

Loading Next Article...
က္က