တစ်ဦးမှ ပြန်လည်ခေါ်ယူဖူးခြင်းမရှိသေးပါဘူး။

ကစားသမားတွေကို အခြားအသင်းထံရောင်းချတဲ့အခါမှာ ရောင်းချလိုပါက ပြန်လည်ဝယ်ယူနိုင်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းလေ့ရှိတာဟာ ပုံမှန်အားဖြင့် ဥရောပတိုက်က ထိပ်တန်းအသင်းကြီးတွေ လုပ်လေ့လုပ်ထရှိတဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်ထိပ်တန်းအသင်းကြီးတစ်သင်းက အဲဒီလိုအချက်ကို စာချုပ်ထဲ ထည့်သွင်းရောင်းချတာဟာ မြင်ရခဲပါတယ်။ အဲဒီအစား ပရီးမီးယားလိဂ်အသင်းတွေဟာ အများအားဖြင့် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားကို ရောင်းချမယ်ဆိုရင် ရောင်းရတဲ့ငွေပမာဏကနေ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကို ပေးချေရမယ်ဆိုတဲ့အချက်ကိုသာ ထည့်သွင်းလေ့ရှိကြတာဖြစ်ပါတယ်။

skysports-jesse-lingard-new-manchester-united-dea-april-2017_3925140.jpg

Photos: Skysports

 

ပြန်လည်ဝယ်ယူခွင့်ဆိုတဲ့အချက်ဟာ တကယ်လို့ ကစားသမားကို အပြောင်းအရွှေ့ဈေးကွက်မှာ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့အချိန်မှာ နဂိုမူလက ကစားသမားရောင်းချလိုက်တဲ့အသင်းအတွက် ပထမဆုံးရွေးချယ်ခွင့်ရှိတဲ့စနစ်ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ အသင်းသစ်မှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့မယ်ဆိုရင်တောင် မူလရောင်းချခဲ့တဲ့အသင်းဟောင်းက ရောင်းချခဲ့စဉ်က ဈေးနှုန်းအတိုင်း ပြန်လည်ဝယ်ယူခွင့်ရရှိစေမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းတွေဟာ များသောအားဖြင့် အလားအလာရှိတဲ့ ကစားသမားတွေကို ပထမအသင်းမှာ ကစားခွင့်ရရှိပြီး အတွေ့အကြုံရရှိအောင် အငှားချတာမျိုးလောက်သာ ပြုလုပ်လေ့ရှိပေမယ့် မန်ယူအသင်းကတော့ ပြန်လည်ဝယ်ယူခွင့်ဆိုတဲ့စနစ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အဲဒီစနစ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာ ခြေစွမ်းမပြသနိုင်တဲ့ကစားသမားတွေကို ရောင်းချပြီး အံ့အားသင့်ဖွယ် ခြေစွမ်းတိုးတက်လာတဲ့အချိန်ကျရင် အခြားအသင်းတွေထက် ပထမနေရာကနေ ကစားသမားကို ပြန်လည်ဝယ်ယူနိုင်ပြီး အကျိုးအမြတ်ရှိစေမှာဖြစ်ပါတယ်။

 

၁။ မန်းဖစ်ဒီပိုင်း

Photos: Sportskeeda

 

မန်းဖစ်ဒီပိုင်းဟာ ပီအက်စ်ဗွီအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အစဉ်အလာကြီးမားတဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရရှိခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုလိုမျိုး ဖြစ်လာမယ့် ကစားသမားလို့ အားလုံးက ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် မန်းဖစ်ဒီပိုင်းရဲ့ပင်ကိုပါရမီဟာ လူးဝစ်ဗန်ဟား ချမှတ်ထားတဲ့ အသင်းရဲ့ကစားတဲ့ပုံစံနဲ့ မကိုက်ညီခဲ့ဘဲ ဗန်ဟားက ဒီပိုင်းရဲ့ပွဲဦးထွက်ပွဲစဉ်အပြီးမှာ အရမ်းစိတ်အားထက်သန်တဲ့အကျင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ထပ်ကြားဖြတ်ခေါ်ယူမှုတစ်ခုပြုလုပ်နိုင်ဖို့ နီးစပ်နေပြန်ပြီဖြစ်တဲ့ ဘာစီလိုနာ 

ဒီပိုင်းဟာ ပွဲဦးထွက်ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံခဲ့ရပေမယ့် ၂၀၁၅ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုရရှိနိုင်တဲ့ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဆန်ကာတင်စာရင်းထဲမှာတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ ဒုတိယမြောက်ရာသီမှာ နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ လူစားဝင်ကစားသမားအဖြစ် ၄ ပွဲသာ ပါဝင်ကစားခဲ့ရပြီး တစ်ရာသီလုံးစုစုပေါင်း မိနစ် ၂၀ သာ ကစားခဲ့ရပါတယ်။ ဒီပိုင်းရဲ့ အိုးထရက်ဖို့ဒ်က အချိန်တွေဟာ ကုန်ဆုံးသွားခဲ့ပြီဆိုတာ မပြောလည်း သိခဲ့ရပြီဖြစ်တဲ့အတွက် ၂၀၁၇ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လိုင်ယွန်အသင်းကို ယူရို ၂၆ သန်းနဲ့ ရောင်းချခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ အမြော်အမြင်ရှိစွာနဲ့ ပြန်လည်ဝယ်ယူခွင့်ဆိုတဲ့အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့တာကြောင့် လိုင်ယွန်အသင်းမှာ အကောင်းဆုံးပုံစံ ပြသနေတဲ့ မန်းဖစ်ဒီပိုင်းကို လိုင်ယွန်အသင်းက ပြန်လည်ရောင်းချတဲ့အချိန်မှာ အလွယ်တကူပြန်လည်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

 

၂။ အက်ဒ်နန်ယာနူဇေး

Photos: Sportskeeda

 

မန်ချက်စတာယူနိုက်တက်အသင်းကို အသက် ၁၆ နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့တဲ့ ယာနူဇေးဟာ အိုးထရက်ဖို့ဒ်မှာ ၆ နှစ်ကြာကုန်ဆုံးခဲ့ပြီး နောက်ဆုံးမှာတော့ စပိန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ယာနူဇေးဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကင်းထောက်တွေကို အန်ဒါလက်ချ်အသင်းမှာ စွမ်းရည်တွေပြသပြီး မျက်စိကျစေခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်လူငယ်အသင်းမှာ ၂ ရာသီကြာကစားပြီးနောက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က အသင်းကြီးကို အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ ယင်းအချိန်က အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ယာနူဇေးဟာ မန်ယူဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် နည်းပြအဖြစ် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ပွဲစဉ်မှာ အရန်ခုံကနေ ကြည့်ရှုခွင့်ရရှိခဲ့ပါတယ်။ ယာနူဇေးဟာ ဒေးဗစ်မိုရက်စ်လက်ထက်မှာ ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတစ်လျှောက်လုံး ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒေးဗစ်မိုရက်စ်ထုတ်ပယ်ခံရပြီးနောက် ရောက်ရှိလာတဲ့ လူးဝစ်ဗန်ဟားလက်ထက်မှာတော့ ယာနူဇေးဟာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၅ မှာတော့ ဒေါ့မွန်အသင်းကို အငှားချခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းကို ထပ်မံအငှားချခြင်းခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ စပိန်လာလီဂါအသင်းတစ်သင်းဖြစ်တဲ့ ရီးရဲဆိုစီဒက်အသင်းကို ရောင်းချဖို့ နည်းပြမော်ရင်ဟိုက ဆုံးဖြတ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက်အရွယ်အရ ငယ်ရွယ်သေးပြီး အလားအလာရှိလာနိုင်တဲ့ ကစားသမားဖြစ်တဲ့အတွက် ယာနူဇေးရဲ့အပြောင်းအရွှေ့စာချုပ်မှာ ပြန်လည်ဝယ်ယူခွင့်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုပြီးမှ ရောင်းချခဲ့ပါတယ်။ ရီးရဲဆိုစီဒက်အသင်းကို ပြောင်းရွှေ့ပြီးကတည်းက ယာနူဇေးဟာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၎င်းရဲ့ပင်ကိုပါရမီစွမ်းရည်ကို ပြသနိုင်ခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံအသင်းရဲ့ လက်ရွေးစင်ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က