ပရီးမီးယားလိဂ်မှာမြင်ရမယ့် ဘရာဇီးကစားသမားတွေခြေစွမ်းက ဘယ်လိုရှိမလဲ စိတ်ဝင်စားစရာပါ

ပရီးမီးယားလိဂ်ရာသီသစ်စဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ လာမယ့်ရာသီသစ်အတွက် ကစားသမားအပြောင်းအရွှေ့တွေကလည်း အတော်လေးကို လှုပ်ခတ်နေပါတယ်။ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ပရိသတ်တွေရဲ့စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်မယ့် ဘရာဇီးမျက်နှာသစ်ကစားသမားတွေကလည်း ရာသီသစ်အတွက် အသင့်ဖြစ်နေပါပြီ။



4ED52EE400000578-6027119-image-m-12_1533414354046.jpg 

(၁) ဖရက်ဒ်

အသက်က ၂၅နှစ်၊ ကစားတဲ့နေရာက ကွင်းလယ်။ ရှက်တာဒိုးနတ်အသင်းမှာ ပွဲပေါင်း ၁၀၁ပွဲအထိကစားခဲ့တဲ့ ကစားသမား။ ဒီဘရာဇီးကစားသမားကို မန်ယူနည်းပြ မော်ရင်ဟိုက ပေါ့ဂ်ဘာနဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဖရက်ဒ်အနေနဲ့ မန်ယူကွင်းလယ်မှာ အောင်မြင်တဲ့ ဘရာဇီးကစားသမားတစ်ဦးဖြစ်လာမလာဆိုတာကတော့ အချိန်ကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်။

 

(၂) ဂျော်ဂင်ဟို

ဘရာဇီးနွယ်ဖွား၊ အီတလီလက်ရွေးစင်ကစားသမားတစ်ဦးပါ။ ချယ်လ်ဆီးနည်းပြသစ် ဆာရီရဲ့ ချယ်လ်ဆီးအတွက် ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ နာပိုလီကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၇သန်းနဲ့ပြောင်းရွှေ့လာသူလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးမှာ ကျောနံပါတ် ၅ ဝတ်ဆင်မှာဖြစ်ပြီး ကွင်းလယ်မှာ ဖာဘရီဂတ်စ်၊ ကန်တီတို့နဲ့ နေရာလုရဖို့ရှိနေပါတယ်။

အာဆင်နယ်က ကိုစီရယ်နီ ထွက်တော့မယ် 

 

(၃) အယ်လီဆင်

ကမ္ဘာ့ဈေးအကြီးဆုံး ဘရာဇီးလက်ရွေးစင်ဂိုးသမားပါ။ ရိုးမားကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅သန်းနဲ့ ဂျာဂင်ကလော့ပ်ခေါ်ယူခဲ့တာပါ။ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ရဲ့အကြီးမားဆုံးစွန့်စားမှုတစ်ရပ်ဖြစ် ပြီး ကစားသမားအနေနဲ့လည်း ဖိအားတွေရှိနေနိုင်နိုင်ပါတယ်။ အယ်လီဆင်အတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်မှုက အသင့်စောင့်ကြိုနေပါတယ်။

 

(၄) ဖိလစ်ပီအန်ဒါဆင်

လာဇီယိုရဲ့တိုက်စစ်အားသန်ကွင်းလယ်ကစားသမားကို ဝက်စ်ဟမ်းအသင်းက အရခေါ်ယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားကွက်ဖန်တီးသူအတွက် ဝက်စ်ဟမ်းအသင်းဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀အထိသုံးစွဲခဲ့ရပါတယ်။ လာဇီယိုအသင်းအတွက် ၁၃၇ပွဲအထိကစားထားပြီး ၂၅ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအတွက် စိတ်လှုပ်ရှားစရာဖန်တီးမှုတွေ လုပ်ပေးနိုင်မယ့် ကစားသမားမျိုးပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က