ရီးရဲကို ပြောင်းရွှေ့ဖို့ နီးစပ်နေသူပါ။

ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်ဂိုးသမား ကော်တိုရစ်ဟာ ချယ်ဆီးအသင်းကနေ ယခုနွေရာသီမှာ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို ခွင့်ပြုချက်မရဘဲ ပျက်ကွက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။



skysports-thibaut-courtois_4375772.jpg

Photos: Sky Sports

 

ကော်တိုရစ်ဟာ တနင်္လာနေ့မှာ ချယ်ဆီးအသင်းရဲ့ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းကို အသင်းဖော် ဟာဇက်၊ ဂီရော့ဒ်နဲ့ကန်တေတို့အတိုင်းပဲ ပြန်လည်ရောက်ရှိရမယ်လို့ သတ်မှတ်ထားခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ကော်တိုရစ်ဟာ ယခုနွေရာသီမှာ ချယ်ဆီးအသင်းကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ အခိုင်အမာ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

နောက်ဆုံးရ နံနက်ခင်းသတင်းများ 

ကော်တိုရစ်ဟာ ချယ်ဆီးအသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ကို ပြန်လာဖို့ ပျက်ကွက်ခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဖိအားပေးခဲ့တယ်လို့ The Telegraph က ရေးသားထားပါတယ်။ ကော်တိုရစ်ဟာ မန်ချက်စတာစီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို တက်ရောက်ခဲ့ခြင်းမရှိဘဲ ဘယ်လ်ဂျီယံနိုင်ငံမှာသာ ဆက်လက်ရှိနေသူဖြစ်ပါတယ်။

Photos: Metro

 

ချယ်ဆီးအသင်းဟာ ကော်တိုရစ်ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ပျက်ကွက်မှုနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ တနင်္လာနေ့ညနေ ၄ နာရီမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးကို ကော်တိုရစ် လာရောက်ဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ကော်တိုရစ်ရဲ့ပျက်ကွက်မှုကို သတိထားမိစေဖို့အတွက် အသင်းကို ပြန်လည်ရောက်ရှိပြီး လေ့ကျင့်ရေးပြုလုပ်နေတဲ့ ဟာဇက်၊ ကန်တေ၊ ဂီရော့ဒ်တို့ ၃ ဦး လေ့ကျင့်ရေးပြုလုပ်နေတဲ့ လျှပ်တပြက်ပုံရိပ်တွေကို တင်ခဲ့ပါတယ်။

ကော်တိုရစ်ရဲ့ အပြုအမူတွေဟာ ချယ်ဆီးအသင်းက လာမယ့် ၂၄ နာရီအတွင်း အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဂိုးသမား အော့ဘလက်ကို စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတာကို တိုက်တွန်းနှိုးဆော်သလိုဖြစ်ခဲ့ပါတယ်။ ချယ်ဆီးအသင်းအနေနဲ့ ကော်တိုရစ်ရဲ့နေရာမှာ အစားထိုးမယ့် ဂိုးသမားတစ်ဦး ခေါ်ယူလို့ မရမချင်း ကော်တိုရစ်ကို ရောင်းချလိုခြင်းမရှိဘူးလို့ သိရပါတယ်။

Photos: Evening Standard

 

ကော်တိုရစ်ရဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အီဒင်ဟာဇက်ကလည်း ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်ခဲ့ဖူးပေမယ့် ဟာဇက်က ပရိသတ်တွေနဲ့အသင်းကို ဘယ်ကိုမှ မသွားမယ့်အကြောင်း ကတိပေးခဲ့ပြီးဖြစ်ပါတယ်။ ကေ်ာတိုရစ်ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီခြင်းမရှိသေးဘဲ အီဒင်ဟာဇက်ကတော့ မဝေးလှတဲ့အချိန်အတွင်းမှာ စာချုပ်သစ်ကို ချုပ်ဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က