ယူရို (၃၅)သန်းနဲ့ သဘောတူညီခဲ့တာပါ။

ချယ်လ်ဆီးအသင်းက သူတို့အနေနဲ့ ကော်တွိုက်စ်ကို ရီးရဲလ်မက်ဒရစ်အသင်းထံ ရောင်းချဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ အတည်ပြုကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူ ကိုဗာဆစ်ကို ချယ်လ်ဆီးအသင်းထံ အငှားချပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo: Sportsbible

 

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဆန္ဒပြင်းပြနေခဲ့တဲ့ ကော်တွိုက်စ်အတွက်တော့ ဆန္ဒတွေ ပြည့်ဝသွားခဲ့တာ ဖြစ်ပါတယ်။ မက်ဒရစ်မှာ နေထိုင်နေတဲ့ မိသားစုနဲ့ ပြန်လည်နေထိုင်ချင်တာကြောင့် ကော်တွိုက်စ်ဟာ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့အတွက် ကြိုးစားအားထုတ်ခဲ့ပြီး အဆုံးသတ်မှာ စပိန်နိုင်ငံရဲ့ မြို့တော်ကို ပြန်လည်သွားရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Photo: Sportsbible

 

အသက် (၂၆)နှစ်အရွယ် ဘယ်လ်ဂျီယံဂိုးသမားဟာ ဥရောပချန်ပီယံလိဂ်ဖလား (၁၃)ကြိမ်ရ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ (၆)နှစ် စာချုပ်ချုပ်ဆိုမယ်လို့ သိရပြီး ကြာသာပတေးနေ့ (ယနေ့)မှာ အသင်းနဲ့ ဆေးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကော်တွိုက်စ်အနေနဲ့ မက်ဒရစ်ဒါဘီပွဲအဖြစ် ကစားရမယ့် ဥရောပစူပါဖလားပွဲကို ပါဝင်ခွင့်ရဖို့လည်း မျှော်လင့်နိုင်ခဲ့ပါတယ်။

Photo: Sportsbible

 

အငှားအနေနဲ့ ချယ်လ်ဆီးကို ရောက်ရှိလာမယ့် ကိုဗာဆစ်ဟာလည်း အသင်းနဲ့အတူ ဆေးစစ်ဆေးမှုတွေကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ဦး အလိုရှိနေတဲ့ ချယ်လ်ဆီးနည်းပြ ဆာရီအတွက်တော့ ကိုဗာဆစ်ကို ခေါ်ယူနိုင်ခဲ့တာဟာ သတင်းကောင်းတစ်ခုလည်း ဖြစ်လာခဲ့ပြီး ကွင်းလယ်ပိုင်းအတွက် အပြောင်းအလဲပြုလုပ်ဖို့ အားသားချက်ပိုင်ဆိုင်ခဲ့ပါတယ်။

Photo: Sportsbible

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကော်တွိုက်စ်အတွက် ယူရို (၃၅)သန်းပေးချေရမှာ ဖြစ်ပြီး ကိုဗာဆစ်ကိုလည်း အငှားပြောင်းရွှေ့ခွင့် ပေးရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာကို ခေါ်ယူဖို့ မျှော်လင့်ချက် ဆုံးရှုံးခဲ့အပြီး ကော်တွိုက်စ်အတွက် အားထုတ်ခဲ့တဲ့ ရီးရဲလ်အတွက် ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က