ယခုအပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အဖြစ် ယှဉ်ပြိုင်ကစားကြမယ့်ပွဲစဉ်တွေကို ဘောလုံးချစ်သူပရိသတ်တွေအားလုံး မျှော်လင့်စောင့်စားနေကြမယ်ထင်ပါတယ်။ ဒါကြောင့် ယခုအပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မကြည့်ရှုမီ သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

 

(၁) စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ၁ ကြိမ်သာအနိုင်ရရှိဖူးတဲ့ လက်စတာစီးတီး

play

 

လက်စတာစီးတီးအသင်းဟာ ချယ်ဆီးအသင်းရဲ့အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ လာရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံး ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ဖူးပြီး ၃ ပွဲသရေ၊ ၇ ပွဲရှုံးရလဒ်ရရှိထားပါတယ်။ လက်စတာစီးတီးအသင်းဟာ စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ၂၀၀၀ ပြည့်နှစ်က အနိုင်ရရှိခဲ့ပြီးတဲ့နောက်ပိုင်း ချယ်ဆီးအသင်းအိမ်ကွင်းမှာ အနိုင်မရရှိတော့တာ ၁၈ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။

 

(၂) ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတဲ့ ဘန်လေ

play

 

ဘန်လေအသင်းဟာ ရာသီအစမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပြီး ထိပ်ဆုံး ၅ သင်းထဲအထိ ဝင်ခဲ့ပြီးနောက်ပိုင်း ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲသရေ၊ ၃ ပွဲရှုံးရလဒ်သာ ရရှိထားပါတယ်။

 

(၃) တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ အနိုင်မရရှိတာ ၁၀ နှစ်ကြာပြီဖြစ်တဲ့ အဲဗာတန်

play

 

အဲဗာတန်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလက အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း စပါးအသင်းနဲ့တွေ့ဆုံတဲ့အဝေးကွင်းပွဲစဉ်တွေမှာ အနိုင်မရရှိတော့ဘဲ ၃ ပွဲသရေ၊ ၅ ပွဲရှုံးရလဒ်သာ ပိုင်ဆိုင်ထားပါတယ်။

 

(၄) ပွဲထွက်လူစာရင်းမှာ ဆန်းချက်ဇ်ပါ၊ မပါ မသေချာတဲ့ အာဆင်နယ်

play

 

အာဆင်နယ်အသင်းရဲ့အားထားရတဲ့ တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ အသင်းပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ မသေမချာဖြစ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့နံနက်က ကရာဘောင်ဖလား ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတောင် အာစင်ဝင်းဂါးက ဆန်းချက်ဇ်ကို ပွဲထွက်လူစာရင်းမှာ မထည့်သွင်းထားဘဲ ဒုတိယပိုင်း ၆၆ မိနစ်မှ လူစားဝင်ကစားစေခဲ့ပါတယ်။

 

(၅) အန်းဖီးကွင်းမှာ အနိုင်ရလဒ်မရရှိတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ မန်ချက်စတာစီးတီး

play

 

လီဗာပူးအသင်းဟာ အိမ်ကွင်းအန်းဖီးကွင်းမှာ မန်ချက်စတာစီးတီးအသင်းကို နောက်ဆုံးလက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ ၁၄ ပွဲမှာ ၁၀ ပွဲနိုင်၊ ၄ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ အန်းဖီးကွင်းမှာ လီဗာပူးအသင်းကို ၂၀၀၃ ခုနှစ်၊ မေလက ၂ ဂိုး ၁ ဂိုးနဲ့ နောက်ဆုံးအနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video