EPL: မက်ဆီကို ခေါ်နိုင်ရန် မန်ယူနှင့် Adidas ကုမ္ပဏီ ပူးပေါင်းမည်

မက်ဆီကို ဘာစီလိုနာအသင်းနဲ့ စာချုပ်ထပ်မချုပ်ဖြစ်အောင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူအသင်းကို ဂျာမန်အားကစားကုမ္ပဏီ Adidas က ကူညီပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အသင်းရဲ့ မူဝါဒကို ပြောင်းလဲပြီး ကမ္ဘာ့ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနေတဲ့ မန်ယူအသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့အပြိုင် မက်ဆီကို ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။ မန်ယူအသင်းနဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားတဲ့ Adidas ဟာ အာဂျင်တီးနား ကစားသမားမက်ဆီရဲ့ အဓိက စပွန်ဆာကုမ္ပဏီလည်းဖြစ်ပါတယ်။ Adidas က မက်ဆီကို ၁၃ နှစ်စပွန်ဆာ စာချုပ် ချုပ်ဆိုထားတာပါ။

play

 

မန်ယူအသင်း ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ အခြေအနေကို Adidas ကမလိုလားတဲ့အတွက် ဘာစီလိုနာအသင်းမှာ ရှိနေတဲ့ မက်ဆီကိုခေါ်ယူဖို့ ကြိုးစားရာမှာ ကူညီပေးနေတာဖြစ်ကြောင်း စပိန်ကလာတဲ့ သတင်းတွေက  ဆိုပါတယ်။ ဘာစီလိုနာအသင်းက ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ထပ်မချုပ်ဘဲနေ့ဖို့ Adidas နဲ့ မန်ယူအသင်း ပူးပေါင်းပြီး ဒေါ်လာသန်း ၁၀၀ ခန့် အကုန်အကျခံကာ ကမ်းလှမ်းမှာ ဖြစ်ပါတယ်။

 

မက်ဆီနဲ့ ဘာစီလိုနာအသင်း စာချုပ်ကုန်တဲ့အခါ မန်ယူအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ခွင့်ရမှာ ဖြစ်ပါတယ်။ မက်ဆီကို မန်ယူအသင်းပြိုင်ဘက် မန်စီးတီးကလည်း ပေါင် ၁၉၅ သန်းအသုံးပြုပြီး ခေါ်ယူစာချုပ်ချုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Source : Daily Mail

ယခုနှစ်တွင် မန်ယူချန်ပီယံလိဂ် ဝင်ခွင့် ရမည်ထင်ပါသလား။»

  • 57,4% ရပါမည်။
  • 21,6% မရပါ။
  • 21,0% ခန့်မှန်းရန်စောပါသေးသည်။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ