AD
AD
AD

အာဆင်နယ်အသင်းဟာ လာမယ့်ဘောလုံးရာသီ အသစ်မှာ အကျီစပွန်ဆာအသစ်အတွက် Adidas နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ လက်ရှိ အာဆင်နယ်အသင်းကို စပွန်ဆာပေးထားတဲ့ Puma နဲ့ စာချုပ်ကတော့ ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်တာမို့ အာဆင်နယ် အသင်းက Adidas နဲ့ ဆွေးနွေးမှုတွေ စတင်နေတာလည်း ဖြစ်ပါတယ်။

play

 

သတင်းများရဲ့ ဖော်ပြချက်အရ အာဆင်နယ် နဲ့ Adidas တို့ရဲ့ ဆွေးနွေးမှုတွေမှာ စပွန်ဆာစာချုပ်အတွက် တစ်နှစ်ကို ပေါင်သန်း (၄၀)တန်ကြေး ရှိတယ်လို့ သိရပြီးတော့ အာဆင်နယ်အသင်းရဲ့ စပွန်ဆာအသစ်အတွက် Adidas က ရေပန်းစားနေခဲ့ပါတယ်။ Puma နဲ့ စာချုပ်အရ အာဆင်နယ်အသင်းဟာ တစ်နှစ်ကို ပေါင်သန်း (၃၀) ရရှိခဲ့ပြီး စပွန်ဆာအသစ်ပြောင်းလဲရင် ပေါင် (၁၀) သန်း ပိုမိုရရှိမှာလည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် (သို့) ယူရိုပါလိဂ်ဖလားဆွတ်ခူးပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့ရင် စပွန်ဆာဝင်ငွေ ပိုမိုရရှိမှာဖြစ်ပြီးတော့ Adidas ဘက်ကလည်း ပေးချေဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ Adidas ကတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့လည်း စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးတော့ မန်ယူအသင်းကတော့ တစ်နှစ်ကို ပေါင် (၇၅)သန်းအထိ ရရှိနေတာဖြစ်ပါတယ်။

play

 

အာဆင်နယ်ဘက်ကလည်း Adidas က ပေးချေမယ့် ငွေကြေးပမာဏအပေါ်ကို စိတ်ဝင်စားမှု ရှိနေပြီး လက်ရှိစာချုပ်ချုပ်ဆိုထားတဲ့ Puma မှ ရရှိတဲ့ ပေါင်သန်း (၃၀)ထက် ပိုမိုရရှိမှာဖြစ်တာမို့ လာမယ့်ရာသီသစ်မှာတော့ အာဆင်နယ်အသင်းကို ဂျာစီစပွန်ဆာအသစ်နဲ့ မြင်တွေ့ရနိုင်ချေ ရှိလာခဲ့ပါတယ်။

Source : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD