AD
AD
AD

လီဗာပူးအသင်းရဲ့ လူငယ်နောက်ခံကစားသမား အလက်ဇန္ဒားအာနိုးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲမက်ဒရစ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို တားဆီးသွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အလက်ဇန္ဒားအာနိုးဟာ ပရော်ဖက်ရှင်ကစားသမားအဖြစ်နဲ့ ပွဲထွက်ကစားခဲ့တာ ၁၉ လသာ ရှိသေးပေမယ့် လာမယ့်စနေနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ဘလွန်းဒီအော် ၅ ဆုရှင်၊ ရီးရဲမက်ဒရစ်အသင်းရဲ့ သွင်းဂိုး ၄၅၀ ဂိုးရှင် ခရစ်စတီယာနိုရော်နယ်ဒိုကို တားဆီးသွားမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၃ ဂိုးအထိ သွင်းယူထားတဲ့ကစားသမားဖြစ်ပြီး ရီးရဲမက်ဒရစ်ဂန္တဝင်တိုက်စစ်မှူးဟောင်း ဒီစတီဖာနိုက ၅ ဂိုးနဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ အလက်ဇန္ဒားအာနိုးက မိမိရဲ့ကစားသမားဘဝမှာ ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာကို လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

play

"ဟုတ်ပါတယ်။ အဲဒီလို ဖြစ်လာမှာသေချာပါတယ်။ သူက အကောင်းဆုံးကစားသမားတစ်ယောက်ပါ။ ပွဲစဉ်ထဲမှာ မယုံကြည်နိုင်စရာတွေကို လုပ်ပြနိုင်ခဲ့တဲ့သူတစ်ယောက်ပေါ့။ ဒါပေမယ့် သူ့မှာလည်း အားနည်းချက်ရှိပါတယ်။ ကစားသမားတိုင်းမှာ ရှိပါတယ်။ စနေနေ့မှာ ကျွန်တော်တို့ သူတို့ကို အနိုင်ရရှိဖို့ ကြိုးပမ်းမှာဖြစ်ပြီး ရော်နယ်ဒိုကိုလည်း သူ အကောင်းဆုံးလုပ်နိုင်တဲ့အရာကို မလုပ်နိုင်အောင် ရပ်တန့်သွားမှာပါ။ သူ့ကို ဂိုးမသွင်းနိုင်အောင် ရပ်တန့်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: National

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD