AD
AD
AD

မန်ချက်စတာစီးတီးအသင်းဟာ ယမန်နေ့ညက မန်ချက်စတာယူနိုက်တက်အသင်း ဝက်စ်ဘရွန်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး လကကျန် ၅ ပွဲကျန်ရှိချိန်မှာ ၁၆ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ယခုလိုမျိုး ပွဲစဉ်များစွာ ကျန်ရှိသေးပေမယ့် ချန်ပီယံဖြစ်ခဲ့ဖူးတာ မန်ချက်စတာယူနိုက်တက်အသင်း (၁၉၀၇-၁၉၀၈၊ ၂၀၀၀-၂၀၀၁)၊ အဲဗာတန်အသင်း (၁၉၈၄-၁၉၈၅) နောက်ပိုင်းမှာ ပထမဆုံး ပြန်လည်ရရှိခဲ့တာဖြစ်သလို ပက်ဂွါဒီယိုလာဟာလည်း ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ယခင်က ပရီးမီးယားလိဂ်စံချိန်တွေကို ရိုက်ချိုးနိုင်ခဲ့သလို နောက်ထပ်စံချိန်တွေကိုလည်း ရိုက်ချိုးနိုင်ဖို့ အလားအလာအများကြီးရှိနေပါတယ်။

 

နိုင်ပွဲ

play

 

မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ ၂၈ ပွဲအထိ အနိုင်ရရှိထားပြီး ချယ်ဆီးအသင်း တင်ရှိထားတဲ့ ပွဲ ၃၀ စံချိန်ကို လိုက်မီဖို့ ၂ ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဆွမ်ဆီး၊ ဝက်စ်ဟမ်း၊ ဟက်ဒါစ်ဖီးလ်တောင်း၊ ဘရိုက်တန်၊ ဆောက်သမ်တန်အသင်းတို့နဲ့ ကစားဖို့ ကျန်ရှိနေသေးပြီး ယင်းပွဲစဉ်တွေမှာ ၃ ပွဲအနိုင်ရရှိခဲ့မယ်ဆိုရင် ချယ်ဆီးအသင်းတင်ရှိထားတဲ့ စံချိန်ကို ရိုက်ချိုးနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာစီးတီးအသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်း ၁၉၆၀-၁၉၆၁ ဘောလုံးရာသီက တင်ရှိထားတဲ့ ၃၁ ပွဲစံချိန်ကိုလည်း လိုက်မီသွားမှာဖြစ်ပါတယ်။

 

အဝေးကွင်းနိုင်ပွဲ

play

 

၂၀၀၄-၂၀၀၅ ရာသီက ချယ်ဆီးအသင်းဟာ အဝေးကွင်းနိုင်ပွဲ ၁၅ ပွဲအထိ ရရှိထားပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ အဝေးကွင်းနိုင်ပွဲ အများဆုံးရရှိထားတဲ့ တစ်ခုတည်းသောအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းကလည်း ယခုရာသီမှာ အဝေးကွင်း ၁၄ ပွဲအထိ အနိုင်ရရှိထားပြီး လာမယ့်အဝေးကွင်းပွဲစဉ်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်အသင်းတို့နဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ချယ်ဆီးအသင်းရဲ့စံချိန်ကို ရိုက်ချိုးနိုင်မှာဖြစ်ပါတယ်။

 

ရမှတ်

play

 

ချယ်ဆီးအသင်းဟာ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီက စုစုပေါင်းရမှတ် ၉၅ မှတ်အထိ ရရှိထားပြီး ဘယ်အသင်းကမှ ချယ်ဆီးအသင်းရရှိထားတဲ့ ရမှတ်ကို လိုက်မမီသေးပါဘူး။ လက်ရှိအချိန်မှာ ရမှတ် ၈၇ မှတ် ရှိနေပြီဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ လက်ကျန် ၅ ပွဲမှာ ၃ ပွဲအနိုင်ရရှိခဲ့ရင် ချယ်ဆီးအသင်းရဲ့ ရမှတ်စံချိန်ကို ရိုက်ချိုးနိုင်တော့မှာဖြစ်ပါတယ်။ တကယ်လို့များ ၅ ပွဲစလုံးမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ရမှတ် ၁၀၀ ရရှိဖူးတဲ့ တစ်ခုတည်းသောအသင်းဖြစ်လာမှာဖြစ်ပါတယ်။ ပွဲစဉ် ၃၃ ပွဲကစားပြီးချိန်မှာ ၈၇ မှတ် ရရှိထားတဲ့ မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ရမှတ်အများဆုံးရရှိထားတဲ့အသင်းဖြစ်ခဲ့ပြီဖြစ်ပြီး ချယ်ဆီးအသင်းက ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ရာသီမှာ ၈၂ မှတ်နဲ့ အများဆုံး ရရှိထားခဲ့တာဖြစ်ပါတယ်။

 

အဝေးကွင်းရမှတ်

play

 

ချယ်ဆီးအသင်းဟာ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီက အဝေးကွင်းပွဲစဉ်တွေကနေ ၄၈ မှတ်အထိ ရရှိခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက ယခုရာသီမှာ ၄၄ မှတ်အထိ ရရှိထားပြီဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေက ဝက်စ်ဟမ်း၊ ဆောက်သမ်တန်အသင်းတို့ကို အနိုင်ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းအနေနဲ့ အဝေးကွင်းရမှတ် ၅၀ ရရှိသွားမှာဖြစ်ပြီး နောက်ထပ်စံချိန်သစ်တစ်ခုကို တင်နိုင်တော့မှာဖြစ်ပါတယ်။

 

သွင်းဂိုး

play

 

ချယ်ဆီးအသင်းဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှာ သွင်းဂိုးစုစုပေါင်း ၁၀၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကလည်း လက်ရှိအချိန်မှာ ၉၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ကျန် ၅ ပွဲမှာ ဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့မယ်ဆိုရင် စုစုပေါင်းသွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ဒုတိယမြောက် အသင်းဖြစ်လာနိုင်ပါတယ်။

 

ဒုတိယနေရာကအသင်းထက် ရမှတ်များစွာသာလွန်နေခြင်း

play

 

မန်ချက်စတာစီးတီးအသင်းဟာ ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းထက် ရမှတ် ၁၆ အသာရရှိထားပြီး နောက်ထပ် စံချိန်သစ်တစ်ခုကို ရေးထိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ၁၉၉၉-၂၀၀၀ ဘောလုံးရာသီက မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယနေရာက အာဆင်နယ်အသင်းထက် ၁၈ မှတ် အသာရရှိထားပြီး စံချိန်တစ်ခု ရေးထိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD