AD
AD
AD

အာဆင်နယ်အသင်းက မန်ယူအသင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ဈေးကွက်မှာ ပြောင်းရွှေ့လာခဲ့တဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဟာ မန်ယူအသင်းနဲ့ အတူ ထင်သလောက်ခြေစွမ်းမပြနိုင်ပဲ ရှိနေတာကြောင့် ပရိသတ်များ အားမလိုအားမရ ဖြစ်နေရပါတယ်။

play

 

လက်ရှိမှာလည်း မန်ယူအသင်းနဲ့အတူ ပြိုင်ပွဲစုံ သွင်းဂိုး တစ်ဂိုးသာ သွင်းယူထားနိုင်တာကြောင့်လည်း ၎င်းရဲ့ခြေစွမ်းအပေါ် ဝေဖန်မှုများ ရှိလာခဲ့ ပြီးနောက် ဆန်းချက်အနေနဲ့ မန်ယူအသင်းမှာ နေထိုင်နေပုံနဲ့ ပတ်သက်ပြီးတော့လည်း ထပ်မံ သတင်းပျံ့လာပါတော့တယ်။

play

 

အကြောင်းရင်းကတော့ ဆန်းချက်ဟာ ယခုရက်ပိုင်းတွေမှာမန်ယူအသင်းရဲ့ ကာရစ်ခ်ျတန် လေ့ကျင့်ရေး ကန်တင်းအတွင်းမှာ ထမင်းစားရင် တစ်ဦးတည်း စားနေတာကို ဗြိတိန် မီဒီယာတွေက ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ ဖြစ်ရပ်ကို စာမျက်နှာတွေထက် ချပြခဲ့တာကြောင့် ပရိသတ်တွေက မန်ယူအသင်းမှာ ဆန်းချက်နဲ့ စိတ်ဝမ်းကွဲနေကြပြီလားဟု ထင်မြင်နေကြပါတယ်။

လက်ရှိမှာတော့ ဆန်းချက်အခုလို မကြာခဏ ကန်တင်းမှာ ထမင်းစားတဲ့အခါ တစ်ဦးတည်းဖြစ်နေရခြင်းရဲ့ အဓိက အကြောင်းရင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ပြီပါတယ်။

အဆိုပါ အကြောင်းကတော့ ဆန်းချက်အနေနဲ့ ပုံမှန်လေ့ကျင့်ခန်း ပြီးချိန်တွေမှာ အိမ်ကို တန်းမပြန်ပဲ တစ်ဦးတည်း အချိန်ပိုလေ့ကျင့်ခန်းတွေ ပြု လုပ်နေတာလည်းဖြစ်ပါတယ်။

ယင်းကဲ့သို့ ပြုလုပ်နေတာကြောင့်လည်း ၎င်းရဲ့ လေ့ကျင့်ခန်းပြီးဆုံးချိန်က နေ့လယ်စာစားချိန် သို့မဟုတ် ညနေစာ စားချိန်နဲ့ တိုက်ဆိုင်နေတာ ကြောင့်လည်း ယခုလို ကန်တင်းမှာပင် ထမင်းစားလေ့ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ သူတစ်ဦးတည်းသာ ရှိနေတော့တာကြောင့်လည်း ကန်တင်းအတွင်း ထမင်းစားချိန်တွင် ဆန်းချက်တစ်ဦးတည်းစားနေလေ့ရှိ နေရတဲ့ အဓိက အကြောင်းရင်း ပေါ်ထွက်လာာတော့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံအသင်းရဲ့ ခြေစမ်းပွဲစဉ်တွေကြောင့် ကလပ်အသင်းနဲ့ ပူးပေါင်းထားခြင်းမရှိပဲ နောက်တစ်ပတ်မှာတော့ ကလပ်အသင်းနဲ့ ပြန်လည် ပူးပေါင်းသွားမှာ ဖြစ်ပြီး အချိန်ပိုလေ့ကျင့်ခန်းတွေရဲ့ ရလဒ်က ဘယ်လို ပေါ်ထွက်လာမလဲဆိုတာလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရ တော့မှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD