AD
AD
AD

ယမန်နေ့ညက ဘန်လေအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ တိုက်စစ်မှူး မိုရာတာကို ဒုတိယပိုင်း ၇၁ မိနစ်မှာ လူစားလဲလှယ်ခဲ့ပြီး မိုရာတာက လူစားလဲခံခဲ့ရတာကြောင့် ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာက မိမိရဲ့ဒေါသတကြီးပြုမူခဲ့တဲ့ အပြုအမူအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး ယင်းပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့မိုရာတာက မိမိကိုယ်ကိုယ် ဒေါသထွက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"အနိုင် ၃ မှတ်က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲစဉ်အတွက် အဆင့်သင့်ဖြစ်နေဖို့က ဒီနေ့ပွဲစဉ်မှာ အနိုင်ကစားတာ အကောင်းဆုံးနည်းလမ်းပါပဲ"

"လူစားလဲခံခဲ့ရပြီးနောက် လုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့အပြုအမူအတွက် တောင်းပန်ချင်ပါတယ်။ ကျွန်တော် ဘာမှမလုပ်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဒေါသတကယ်ထွက်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

မိုရာတာဟာ ၂၀၁၈ ခုနှစ်အတွင်း ချယ်ဆီးအသင်းအတွက် တစ်ဂိုးသာ သွင်းယူနိုင်သေးပြီး မိုရာတာရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီး နည်းပြ ကွန်တီကလည်း နားလည်ကြောင်း ပြောကြားခဲ့ပါတယ်။

"မိုရာတာ ဒေါသထွက်နေမှာပဲ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျား ဂိုးသွင်းဖို့အခွင့်အရေးရနေချိန်မှာ ဂိုးသွင်းနိုင်ရမယ်လေ။ အဲဒါက ခင်ဗျားရဲ့ ယုံကြည်မှုကို ပြောင်းလဲစေနိုင်ပါတယ်"

"သူ့ရဲ့ဂိုးသွင်းရမယ့်အခွင့်အရေးကို လွဲချော်ခဲ့လို့ သူဒေါသထွက်နေတာပါ။ ကျွန်တော် ဒီပွဲစဉ်မှာ သူ့ရဲ့စွမ်းဆောင်ရည်အားလုံးကို မြင်တွေ့ခဲ့ပါတယ်။ နောက်ပိုင်းမှာ တိုက်စစ်မှူး ၂ ယောက်နဲ့ ကစားလို့ မဖြစ်နိုင်တော့ပါဘူး။ သူတို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ တစ်သင်းလုံး လုပ်နိုင်ခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD