AD
AD
AD

ယနေ့ည ၇ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ တိုက်စစ်မှာ အူဘာမီယန်းကို အထောင်ထားပြီး နယ်လ်ဆင်၊ အိုင်ဝိုဘီ၊ ဝဲလ်ဘတ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင်ဖြစ်တဲ့ အာဆင်နယ်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ကွင်းလယ်နဲ့တိုက်စစ် ချိတ်ဆက်ရာမှာ နားလည်မှု လွဲမှားနေခဲ့ပါတယ်။

play

play

 

play

 

၁၇ မိနစ်မှာ ဆိုအာရက်စ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ရှိန်းလောင်းက ဆောက်သမ်တန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂၈ မိနစ်မှာ ဒန်နီဝဲလ်ဘတ်ရဲ့ဖန်တီးပေးပို့မှုကနေ အူဘာမီယန်းက အာဆင်နယ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၃၈ မိနစ်မှာ ဒန်နီဝဲလ်ဘတ်က အိုင်ဝိုဘီရဲ့ ပေးပို့မှုကနေတစ်ဆင့် အာဆင်နယ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒန်နီဝဲလ်ဘတ်ဟာ အာဆင်နယ်အသင်းအတွက် အရန်ခုံမှာ ပွဲထွက်ကစားခွင့်ရဖို့ စောင့်ဆိုင်းနေခဲ့ရသူဖြစ်ပြီး ယနေ့ပွဲစဉ်မှာတော့ အကောင်းဆုံး ပုံစံတွေ ပြသပြီး ကိုယ်တိုင် ဂိုးသွင်းယူနိုင်သလို အသင်းဖော်တွေ ဂိုးသွင်းယူနိုင်ဖို့ပါ ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက နည်းဗျူဟာအရ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့သလို ဆောက်သမ်တန်အသင်းကလည်း နောက်ခံကစားသမား ယိုရှိဒါကို ထုတ်ပြီး ချာလီအော်စတင်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

play

 

၇၂ မိနစ်မှာ လူစားဝင်လာတဲ့ ချာလီအော်စတင်ဟာ ၇၃ မိနစ်မှာပဲ ဆိုအာရက်စ်ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဆောက်သမ်တန်အသင်းအတွက် တစ်ဖက် ၂ ဂိုးစီ ညီမျှစေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံးလူစားလဲလှယ်မှုအဖြစ် ဘယ်လာရင်ရဲ့နေရာမှာ ရော့ဘ်ဟိုးဒင်းကို ထည့်သွင်းကစားစေခဲ့ပြီး ဒုတိယပိုင်း ပြီးဆုံးဖို့ ၁၀ မိနစ်ခန့်အလို ၈၁ မိနစ်မှာ အိုင်ဝိုဘီရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဒန်နီဝဲလ်ဘတ်ကပဲ အာဆင်နယ်အသင်းအနိုင်ရရှိဖို့ လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ပွဲပြီးဆုံးခါနီး မိနစ် ၉၀ ကျော် နာကျင်အချိန်ပိုမျာ နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့ပြီး အာဆင်နယ်အသင်းက အယ်နီနီဟာ စက်ဒရစ်ကို တွန်းထိုးခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရသလို ဂျက်စတီဖင်ဟာလည်း ဝီလ်ရှိုင်းယားနဲ့ အချင်းများခဲ့တာကြောင့် အနီကတ်ပြသပြီး အထုတ်ပယ်ခံခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD