AD
AD
AD

အာဆင်နယ်အသင်းဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အသင်းရဲ့ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကို ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပါတယ်။

play

 

ရမ်ဆေးနဲ့သူ့ရဲ့အကြံပေးတို့ဟာ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး ရက်သတ္တပတ်အတန်ကြာ ပြောဆိုဆွေးနွေးခဲ့ပြီးနောက် အာဆင်နယ်အသင်းက စာချုပ်သစ် ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ ရမ်ဆေးဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၁ သောင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အာဆင်နယ်အသင်း ကမ်းလှမ်းလိုက်တဲ့ စာချုပ်သစ်မှာတော့ လုပ်ခလစာကို တိုးမြှင့်ပေးထားတယ်လို့ သိရပါတယ်။

play

တကယ်လို့ ရမ်ဆေးအနေနဲ့ အာဆင်နယ်အသင်းရဲ့စာချုပ်သစ်ကို လက်မခံခဲ့ဘူးဆိုရင်တော့ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမ်ဆေးကို လက်လွှတ်ဆုံးရှုံးရမယ့်အစား ယခုနွေရာသီမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့နည်းပြသစ် အူနိုင်းအူမရီဟာ ရမ်ဆေးကို အသင်းရဲ့အဓိကကစားသမားတစ်ဦးအနေနဲ့ ထိန်းသိမ်းလိုတဲ့ဆန္ဒရှိနေပြီး ရမ်ဆေးကလည်း အူမရီနဲ့လက်တွဲပြီး အလုပ်လုပ်ဖို့ မစောင့်ဆိုင်းတော့ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြောကြားခဲ့တာကြောင့် စာချုပ်သစ်ကို သဘောတူဖွယ်ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD