AD
AD
AD

ယမန်နေ့က ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး စံချိန်သစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။

play

 

အူဘာမီယန်းဟာ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ပွဲစဉ် ၄ ပွဲမှာ ၆ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးမှု ပြုလုပ်ထားတဲ့ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အူဘာမီယန်း အာဆင်နယ်အသင်းအတွက် ကစားပေးခဲ့တဲ့ ပထမဆုံး ၇ ပွဲအတွင်း အာဆင်နယ်အသင်း ရရှိခဲ့တဲ့ဂိုးတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် အာဆင်နယ်အသင်းရဲ့မည်သည့်ကစားသမားတွေထက်မဆို ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ ၁၀၂ မိနစ်တိုင်း ၁ ဂိုး သွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD