AD
AD
AD

ယနေ့နံနက်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဘာစီလိုနာအသင်းရဲ့ကစားသမားတွေ၊ ပရိသတ်တွေဟာ စိတ်ပျက်ခဲ့ကြပြီး ယခုလိုအချိန်မျိုးမှာ စည်းလုံးကြဖို့ လိုအပ်ကြောင်း ဘာစီလိုနာအသင်းရဲ့ဥက္ကဌ ဘာတိုမြူက ပြောကြားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ ပထမအကျော့က အိမ်ကွင်းမှာ ရိုးမားအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယအကျော့အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ရိုးမားအသင်းက အဝေးကွင်းသွင်းဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ နည်းပြ ဗယ်ဗာဒီအတွက်လည်း ၃ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကို မတက်ရောက်နိုင်ခဲ့တာဖြစ်တဲ့အတွက် ဖိအားတွေ ပိုများသွားခဲ့ပြီ ဖြစ်ပါတယ်။

"ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာ ဘာစီလိုနာပရိသတ်တွေအားလုံးအတွက် အရမ်းကို ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခုပါ"

"ဒါပေမယ့် အခုအချိန်ဟာ ပရိသတ်တွေရော၊ နည်းပြရော၊ ကစားသမားတွေရောအားလုံး အရင်ကထက် ပိုပြီးစည်းလုံးရမယ့်အချိန်ဖြစ်ပါတယ်"လို့ တွစ်တာမှာ ရေးသားထားပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်း ကွာတားဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်မှာလည်း ရိုးမားအသင်းကို အလားတူ ထပ်မံရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား ဆာဂျီယိုဘတ်စ်ကွက်က ပြောကြားခဲ့ပါတယ်။

"ပြီးခဲ့တဲ့နှစ်တုန်းကလိုပဲ ထပ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီလိုမျိုး ထပ်မဖြစ်ချင်တော့ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ်။ ဘာမှ မရှိတော့သလို ခံစားနေရပြီး အခုအရမ်းခက်ခဲတဲ့အချိန်ကို ရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရှိနေချင်တဲ့ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD