AD
AD
AD

ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၂ ဂိုးနဲ့ အနိုင်ရရှိပြီး ၂ ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးရလဒ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ကိုပါ မန်းရှင်းခေါ်ပြီး ပြောဆိုခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ဆာနေးရဲ့သွင်းဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပြီး ဂိုးမပေးခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းအတွက် နစ်နာခဲ့သလို ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို အပြင်းအထန်စောဒကတက်ခဲ့တဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာလည်း ပွဲကြည့်စင်ကနေသာ ကြည့်ရှုစေဖို့ အပြစ်ပေးခြင်းခံခဲ့ရပါတယ်။

play

play

 

ဘာနာဒိုဆေးလ်ဗားက သူ့ရဲ့အင်စတာဂရမ်မှာ "ဒီနေ့ည အားပေးခဲ့ကြတဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပေးနိုင်သမျှအားလုံး ပေးခဲ့တဲ့အတွက် နောင်တမရမိပါဘူး။ နောက်နှစ်မှာ နောက်တစ်ကြိမ် ထပ်ကြိုးစားပါ့မယ်။ ဂုဏ်ယူပါတယ် လီဗာပူးအသင်းရေ၊ ဆီမီးဖိုင်နယ်မှာ ကံကောင်းပါစေ။ အခု ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ရယူပြီး ရာသီကုန်မှာ ဆုဖလားနဲ့ ပိတ်သိမ်းရအောင်။ စာကြွင်း- ချန်ပီယံလိဂ်ရေ၊ နောက်နှစ်ကျရင် VAR စနစ်ကို စပြီး အသုံးပြုပေးလို့ရမလားဗျာ။ အဲဒါ တကယ်အသုံးဝင်မှာပါ"လို့ ရေးသားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD