EPL: BMW i8 မောင်းပြီး လေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့ ရွန်နေး

မန်ယူအသင်းဟာ တနင်္ဂနွေနေ့မှာ လက်စတာနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

play


မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နေးက ကာရင်တန်လေ့ကျင့်ရေးကွင်းကို BMW i8 စူပါကားနဲ့အတူ ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။

play

 

မန်ယူတိုက်စစ်မှူးရဲ့ BMW i8 က မြန်မာငွေ သိန်း ၂,၅၀၀ ကျော်တန်ပြီး အမြင့်ဆုံး အမြန်နှုန်း တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။

play


BMW i8 က ရပ်ထားရာမှ အမြန်နှုန်း တစ်နာရီလျှင် ၆၂ မိုင်နှုန်းကို လေးစက္ကန့်အတွင်း ရောက်ရှိမောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အိုးထရက်ဖို့ဒ်မှာ ခြေစမ်းပွဲကစားနေစဉ် ရွန်နေးရဲ့ ပေါင် ၆ သန်းတန် စံအိမ်ကြီးအတွင်းကို မျက်နှာဖုံးစွပ်လူတစ်ဦး ဝင်ရောက်ရန်ကြိုးပမ်းမှု ဖြစ်ခဲ့ပါသေးတယ်။

play


အဲဗာတန်နဲ့ ဗုဒ္ဓဟူးနေ့ညပိုင်းက ခြေစမ်းပွဲမှာ ရွန်နေး ပါဝင်ကစားခဲ့ရာ ဇနီးဖြစ်သူ ကောလင်းနဲ့ ကိုင်၊ ကလေးနဲ့ ကစ် သားသုံးဦးက လာရောက်အားပေးခဲ့ကြပါတယ်။

play


မန်ယူအသင်းဟာ တနင်္ဂနွေနေ့ (သြဂုတ် ၇ ရက်) မှာ လက်စတာနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ