AD
AD
AD

သောကြာနေ့နံနက်ခင်း ဥရောပတစ်လွှားက နောက်ဆုံးရ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

နေမာကို ပေါင်သန်း ၂၆၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မန်ယူ

play

 

Diario Gol ရဲ့ရေးသားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးနေမာကို ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၆၀ နဲ့ ခေါ်ယူဖို့ စဉ်းစားနေပြီး ပေါ့ဂ်ဘာကိုပါ အလိုက်ပေးသွားမယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းကနေ ခေါ်ယူထားတဲ့ဆန်းချက်ဇ်ဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာကြောင့် ပီအက်စ်ဂျီအသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် တိုက်စစ်မှူးနေမာကို မန်ယူအသင်းက ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ နေမာကို ပီအက်စ်ဂျီအသင်းက မန်ယူအသင်းကို ရောင်းချဖို့အတွက် ပိုမိုစိတ်ဝင်စားလာအောင် ပေါ့ဂ်ဘာကိုလည်း အလိုက်ပေးဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

 

ဒီမာရီယာလိုမျိုး ဆန်းချက်ဇ်ဖြစ်သွားမှာ စိုးရိမ်နေတဲ့ မန်ယူ

play

 

မန်ချက်စတာယူနိုက်တက်အသင်းနဲ့နီးစပ်သူတွေဆီက ကြားသိရတဲ့သတင်းအရ ဆန်းချက်ဇ်ဟာ မန်ယူအသင်းမှာ ခြေစွမ်း ကျဆင်းမှာကို စိုးရိမ်နေတယ်လို့ The Sun သတင်းတစ်ရပ်က ဆိုထားပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက မန်ယူအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက အသင်းနဲ့ အံဝင်အောင် မကစားနိုင်သေးဘဲ ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

 

အက်သလက်တီကိုနဲ့ အနာဂတ်မသေချာတော့တဲ့ ဂျန်အော့ဘလက်

play

 

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဂိုးသမား ဂျန်အော့ဘလက်ဟာ မိမိကို ဥရောပထိပ်သီးအသင်းကြီးတွေက စိတ်ဝင်စားနေတာကြောင့် အက်သလက်တီကိုအသင်းနဲ့အနာဂတ်ဟာ မသေချာတော့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

"ဘာမှ ပြောစရာသတင်းအသစ်မရှိပါဘူး။ စာချုပ်သစ်နဲ့ပတ်သက်ပြီး အများကြီးပဲ ပြောနေကြ၊ ရေးနေကြတာတွေ ရှိတာပဲ။ ဒါပေမယ့် အတည်ပြုပေးနိုင်တဲ့အခြေအနေတစ်ခုကတော့ ဘာမှ သတင်းအဖြစ် ရေးစရာမရှိဘူးဆိုတာပါပဲ"

 

ရက်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားနေတဲ့ ရီးရဲမက်ဒရစ်

play

 

ရီးရဲမက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူမယ့် ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ Sport က ရေးသားထားပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကြောင့် လီဝန်ဒေါစကီး၊ ဟယ်ရီကိန်းတို့အပြင် မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုပါ ခေါ်ယူဖို့ ချဉ်းကပ်လာတာဖြစ်ပါတယ်။

 

ကာဘာလယ်ရိုကို ဆက်လက်ထိန်းသိမ်းထားလိုနေတဲ့ ချယ်ဆီး

play

 

ချယ်ဆီးအသင်းဟာ အသင်းမှာပျော်ရွှင်နေတဲ့ ဒုတိယဂိုးသမား ဝီလီကာဘာလယ်ရိုကို လာမယ့် ၂၀၁၉ ဇွန်လအထိ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဓိကဂိုးသမား ကော်တိုရစ်ရဲ့အနာဂတ်ဟာလည်း မရေမရာဖြစ်နေတာကြောင့် ကာဘာလယ်ရိုကို ထိန်းသိမ်းထားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဘာလယ်ရိုဟာ ပြီးခဲ့တဲ့ရာသီက ချယ်ဆီးအသင်းရဲ့ ပထမဆုံးခေါ်ယူခဲ့တဲ့ကစားသမားဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကာဘာလယ်ရိုရဲ့စာချုပ်အသေးစိတ်ကို ချယ်ဆီးအသင်းက ထုတ်ဖော်ခဲ့ခြင်းမရှိပေမယ့် ယင်းစာချုပ်ထဲမှာ ၁ နှစ်သက်တမ်းတိုးခွင့် ပါရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်းဟာ လာမယ့် ၂၀၁၉ ဇွန်လအထိ ကာဘာလယ်ရိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD