AD
AD
AD

မနေ့က ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကွန်တီမောင်းနှင်လာတဲ့ ကားပေါ်ကို အသင်းလေ့ကျင့်ရေးအဆောင်ပေါ်မှ စားပွဲ တင် မှန်တစ်ချက်ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားချိန်မှာတော့ ကွန်တီမှာ ထရိန်နင်ကွင်းအတွင်း လေ့ကျင့်ခန်းများပြုလုပ်နေချိန် ဖြစ်တာကြောင့် သက်သာရာရခဲ့တယ်လို့ လည်းသိရပါတယ်။

play

 

ကွန်တီနည်းတူ အသက်ဘေးမှ သီသီကလေး လွတ်မြောက်ခဲ့သူကတော့ ကလပ်အသင်းရဲ့ ဆက်ဆံရေး အရာရှိ စတိဗ်အက်စ်ကင်ပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို CCTV ကင်မရာနဲ့ ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ရာမှာတော့ စတိဗ်အနေနဲ့ ကားရဲ့ ညာဖက်ခြမ်းကနေ ဖြတ်သွားချိန်မှာ မှန် က ပြုတ်ကျခဲ့တာလည်း ဖြစ်ကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတဲ့ မှန်ကွဲစတွေကြောင့် စတိဗ်တစ်ယောက် အသည်းအသန် ကာကွယ်မှု တွေပြုလုပ်ခဲ့ရတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

စတိဗ်အနေနဲ့ ကွန်တီရဲ့ ကားနားကို ဖြတ်သွားခဲ့ရခြင်းမှာ ၎င်းရဲ့ ကားမှာ ကွန်တီရဲ့ ကားနားမှာ ကပ်လျက်ရပ်နားထားတာကြောင့် ဖြစ်တယ်လို့ လည်းသိရပြီး မှန်ပြားမှာလည်း အရှိန်ပြင်းတဲ့ လေတိုက်ခတ်မှုကြောင့်သာ လန်ပြီး လွင့်စင်လာရခြင်းဖြစ်တာကိုလည်း သိရှိခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးကွင်းကတော့ ရှုရီတောင်းမြို့မှာ တည်ရှိတယ်လို့လည်းသိရပါတယ်။

အခြား ဆက်စပ်သတင်းအရ ကွန်တီကို စာချုပ်သစ်ချုပ်ဆိုမှာ မဟုတ်တော့ပဲ လာမယ့် နွေရာသီမှာ နည်းပြအသစ်တစ်ဦးနဲ့ အစားထိုးတော့မယ် လို့လည်းသတင်းတွေက ထွက်ပေါ်နေခဲ့ပါပြီ။

Source- The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD