AD
AD
AD

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ၀က်စ်ဘရွန်းအသင်းတို့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

အဆိုပါပွဲစဉ်မှာကွန်တီအတွက် ဖိအားများစွာ ရှိခဲ့ပြီး ရှုံးနိမ့်လို့ လုံးဝ မရတဲ့ ပွဲဖြစ်သလို နိုင်ပွဲမရခဲ့ပါကလည်း ကွန်တီရဲ့ အနာဂတ် ချက်ခြင်း ပြောင်းလဲသွားနိုင်တဲ့ အနေအထားမှာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

play

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းနဲ့ ပရိသတ်တွေကတော့ ကွန်တီကို အပြည့်အ၀ ထောက်ခံတဲ့ အပြုအမူတွေကို ပြုလုပ်ခဲ့ကြပြီး ကစားသမား တွေအနေနဲ့လည်း တာဝန်ကျေပွန်အောင် ကစားနိုင်ခဲ့သလို ပရိသတ်တွေကလည်း ကွန်တီကို ထောက်ခံကြောင်း ကွန်တီရဲ့ ပုံကို ဗီနိုင်းဖြင့် ဖော် ပြ ခဲ့ကြတာ ဖြစ်ပါတယ်။

"ကျွန်တော့်ကို ထောက်ပံ့မှုကြီး ပြုလုပ်ပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။သူတို့ရဲ့ သံပြိုင်အော်ဟစ်သံတွေကြားမှာကျွန်တော့် ကို ရည်ရွယ်တဲ့ စကားလုံးတွေ မှုန်မှုန်ဝါးဝါး ကြားနေရပါတယ်။ဒါက သူတို့ ကျွန်တော့်ရဲ့ စိတ်ဓာတ်ပြင်းမှု၊အသင်းကို ချစ်မှုတွေကို နားလည်တယ် လို့ အဓိပ္ပာယ်ရပါတယ်။ကျွန်တော်ချဲလ်ဆီးမှာ ဖိအားတွေနဲ့ ရာသီကုန်အထိ ဆက်ရှိနေအုံးမှာပါ။ကျွန်တော့်ရဲ့ ဖိအားတွေကိုလည်း ကစားသမား တွေဆီကို လွှဲချမှာလည်း မဟုတ်ပါဘူး။" လို့ ကွန်တီက ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအတွက်ယခုပွဲမှာ အနိုင်ဂိုးတွေကိုတော့ ဟာဇက်ကနှစ်ဂိုးနဲ့ မော့ဆက်က တစ်ဂိုးသွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD