AD
AD
AD

ချယ်ဆီးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းကနေ ယမန်နေ့က တရားဝင်နှုတ်ထွက်ခဲ့ပြီဖြစ်တဲ့ နည်းပြဇီဒန်းကို နည်းပြအလုပ်ကို ချက်ချင်း ပြန်လည်ပြုလုပ်လိုတဲ့ဆန္ဒရှိမယ်ဆိုရင် ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ The Sun ရဲ့သတင်းတစ်ရပ်အရ သိရပါတယ်။ လီဗာပူးအသင်းကလည်း ရီးရဲမက်ဒရစ်အသင်းကို နည်းပြဖို့ ယာဂင်ကလော့ပ်ထွက်ခွာခဲ့မယ်ဆိုရင် အစားထိုးနိုင်ဖို့ ဇီဒန်းကို ချဉ်းကပ်နေတယ်လို့ သိရပါတယ်။

play
ရီးရဲနည်းပြအဖြစ်မှ နှုတ်ထွက်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

play
ပြင်သစ်၊ ပီအက်စ်ဂျီအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ လောရန့်ဘလန့်

ချယ်ဆီးအသင်းအနေနဲ့ လက်ရှိအချိန်မှာ နည်းပြဇီဒန်းကို အလိုရှိနေတဲ့အသင်းတွေ များစွာရှိနေမယ်ဆိုတာ သိနေတာကြောင့် အနည်းဆုံး ပုံမှန်မဟုတ်တဲ့ ချဉ်းကပ်မှုတွေကို ပြုလုပ်ဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဇီဒန်းအနေနဲ့ နည်းပြအလုပ်ကို ချက်ချင်းပြန်လည် မပြုလုပ်လိုသေးဘူးဆိုရင်တော့ ၁၉၉၈ ကမ္ဘာ့ဖလားကို ဇီဒန်းနဲ့အတူ ကိုင်မြှောက်ဖူးတဲ့ လောရန့်စ်ဘလန့်ကို ဆက်လက်ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။

play
ချန်ပီယံလိဂ်ဖလားအောင်ပွဲခံရာမှာ ရော်နယ်ဒိုနဲ့ဇီဒန်းတို့ကို အတူတွေ့ရစဉ်

 

ချယ်ဆီးအသင်းဟာ မူရီဇီယိုဆာရီနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အဆင်မပြေဖြစ်ကောင်းဖြစ်ခဲ့တာကြောင့် ယခုလို နည်းပြဇီဒန်းကို ရုတ်တရက် ချဉ်းကပ်ဖို့ ပြင်ဆင်လာတာဖြစ်နိုင်ပါတယ်။ ဆာရီဟာ ချယ်ဆီးအသင်းကို ၂ နှစ်ကြာ နည်းပြခဲ့တဲ့ အန်တိုနီယိုကွန်တီရဲ့နေရာမှာ အစားထိုးဖို့အတွက် ပြီးခဲ့တဲ့အပတ်လောက်အထိ ရေပန်းစားနေခဲ့သူဖြစ်ပါတယ်။

play
ဆာရီနဲ့မန်စီနီတို့ ကွင်းဘေးစည်းမှာ အချင်းများနေစဉ်

ချယ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ကိုပါအီတာလီယာပြိုင်ပွဲမှာ အင်တာမီလန်အသင်းရဲ့နည်းပြ မန်စီနီကို လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစွာ ဆဲဆိုခဲ့ပြီး မန်စီနီနဲ့ ကွင်းဘေးစည်းမှာ အချင်းများခဲ့တဲ့ ဆာရီရဲ့အကျင့်ကို သတိထားစရာအချက်အဖြစ် စဉ်းစားနေတာဖြစ်ပါတယ်။ ယင်းဖြစ်ရပ်အပြီးမှာ မန်စီနီက "ကွင်းဘေးစည်းမှာ ဖြစ်တဲ့ရန်ပွဲက ဘယ်လိုဖြစ်တာလဲဟုတ်လား။ အဲဒီအကြောင်းကို ခင်ဗျား ဆာရီကို သွားမေးသင့်တယ်"

"သူက လူမျိုးရေးခွဲခြားတတ်သူတစ်ယောက်ပဲ။ သူ့လိုလူမျိုးက ဘောလုံးလောကနဲ့ မသက်ဆိုင်ပါဘူး"လို့ ပြောကြားခဲ့ပါသေးတယ်။

Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD