AD
AD
AD

ယနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီအချိန်မှာ ချယ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ချယ်ဆီးအသင်းရဲ့အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ လီဗာပူးအသင်းနဲ့ပွဲစဉ်အပါအဝင် ၃ ပွဲကစားဖို့ ကျန်ရှိနေသေးပြီး လီဗာပူးအသင်းကတော့ ယနေ့ပွဲစဉ်အပါအဝင် ၂ ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၃ နေရာမှာရပ်တည်နေပြီး ချယ်ဆီးအသင်းကတော့ ၁ ပွဲလျော့နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ညပွဲစဉ်ဟာ ချယ်ဆီးအသင်းအနေနဲ့ လီဗာပူးအသင်းကို အိမ်ကွင်းစတန်းဖို့ဒ် ဘရစ်ဂ်ျမှာ အနိုင် ၃ မှတ် ရရှိဖို့ အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ချယ်ဆီးအသင်းဟာ လီဗာပူးအသင်းနဲ့ နောက်ဆုံးတွေ့ဆုံထားတဲ့ ၆ ကြိမ်မှာ တစ်ပွဲမှ အနိုင်မရရှိခဲ့ဘဲ ၃ ပွဲရှုံး၊ ၃ ပွဲသရေရလဒ်ကိုသာ ပိုင်ဆိုင်ထားပါတယ်။ လီဗာပူးအသင်းကတော့ ချယ်ဆီးအသင်းရဲ့အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာ ၂ ပွဲစလုံး အနိုင်ရရှိထားပြီး ချယ်ဆီးအသင်းရဲ့အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ဖူးတဲ့အသင်းကတော့ ဘလက်ဘန်းအသင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ နောက်ဆုံး အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ၂ ပွဲစလုံး ရှုံးနိမ့်ထားပြီး အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဟာ ၂၀၁၆ ခုနှစ် မေလက နောက်ဆုံးဖြစ်ပါတယ်။ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ဟာ ယခုရာသီ လီဗာပူးအသင်းရဲ့အိမ်ကွင်းအန်ဖီးလ်မှာ တွေ့ဆုံခဲ့စဉ်က တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ထားပါတယ်။

 

နှစ်ဖက်အသင်းနည်းပြတွေရဲ့ ပြောစကားများ

play

 

ဒီအချိန်က လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ အချိန်ကောင်းဖြစ်နေမလားဆိုတာ ကျွန်တော် မသိပါဘူး။ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ်ဆို ခင်ဗျားအနေနဲ့ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်ဖြစ်လာလိမ့်မယ်ဆိုတာတော့ ကြိုတင်မျှော်လင့်ထားရမှာဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေရမယ်။ သူတို့နဲ့ ယှဉ်ပြိုင်ကစားနိုင်အောင် ကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်။

(ကွန်တီ)

 

ပရီးမီးယားလိဂ်ဟာ အခက်ခဲဆုံးလိဂ်ပြိုင်ပွဲတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ ပွဲစဉ်အချိန်ဇယားတွေကလည်း အင်မတန် ခက်ခဲပါတယ်။ အင်္ဂလန်မှာ အသင်းတိုင်းက အပတ်တိုင်း အရာအားလုံးအတွက် တိုက်ပွဲဝင်နေရတာပါ။ အဲဒါဆိုရင် အင်္ဂလန်အသင်းတွေက ဘာကြောင့် ဥရောပမှာ ကောင်းကောင်းမလုပ်ပြနိုင်ကြတာလဲဆိုတာကို မေးလာခဲ့ရင် အကြောင်းအရင်းရှိပါတယ်။ အဲဒါက တကယ့်ကိုအရေးကြီးတဲ့အချက်တစ်ချက်ပါ။ ဒီအကြောင်းကို အရင်ကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ခု ပြောနေတာက စောဒကတက်ဖို့ ကြိုးစားနေတာမဟုတ်သလို အကြောင်းပြချက်ပေးဖို့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့အသင်းတွေအတွက် ခင်ဗျားတို့ ပေးလိုက်တဲ့အချိန်ဇယားက နွေရာသီမှာ အောင်မြင်မှုရရှိအောင် မလုပ်ပေးနိုင်ဘူးဆိုတာတော့ ကျွန်တော်တို့အားလုံး သိနေကြပါတယ်။

(ယာဂန်ကလော့ပ်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD