AD
AD
AD

ယမန်နေ့ညက မန်ချက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဒုတိယပိုင်းမှာ ၃ ဂိုးပြန်သွင်းပြီး အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာဒါဘီပွဲစဉ်မှာ အရန်ခုံမှာ အမြဲထိုင်နေရတဲ့ ပေါ့ဂ်ဘာ ပြန်လည်ပါဝင်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်အတွက် ပေါ့ဂ်ဘာဟာ အဓိကကစားသမားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ပထမပိုင်းမှာ ကစားပုံကောင်းမွန်ခဲ့ပြီး ကွန်ပနီ၊ ဂန်ဒိုဂန်တို့ရဲ့ သွင်းဂိုးတွေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ စမောလင်းဟာ ယင်းပွဲစဉ် ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်း မော်ရင်ဟိုရောက်လာပြီး မိမိတို့ကို ပြောကြားခဲ့တဲ့ စကားတစ်ခွန်းကြောင့် တစ်သင်းလုံး စိတ်ဓာတ်တက်ကြွခဲ့ပြီး အနိုင်ယူနိုင်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

play

 

"ကျွန်တော်တို့ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲကို စိတ်မကောင်းစွာနဲ့ ဝင်လာခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဂုဏ်သိက္ခာအပြည့်နဲ့ ကစားရမယ်ဆိုတာ သိပါတယ်။ ပထမပိုင်းမှာ တော်တော်ဆိုးရွားတဲ့အမှားတွေလုပ်ခဲ့တယ်"

"နည်းပြကတော့ ကျွန်တော်တို့ကို အများကြီး ဘာမှမပြောပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ စိတ်ဓာတ်ကျနေတယ်ဆိုတာ သိပါတယ်။ သူက ကျွန်တော်တို့ကို 'သူတို့ ဆုဖလား မင်းတို့ရှေ့မှာ ကိုင်မြှောက်နေတာကို ရပ်ကြည့်နေရတဲ့ ငပေါတွေ မဖြစ်စေချင်ဘူး'လို့ ပြောခဲ့ပါတယ်"လို့ စမောလင်းက ပြောပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD