AD
AD
AD

လီဗာပူးအသင်းနဲ့အတူ ဂိုးတွေသွင်းယူပြီး ခြေစွမ်းပြကစားနေနိုင်တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာကို ပရိသတ်တွေနဲ့ မီဒီယာအချို့က ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ် ဖော်ပြနေကြပါတယ်။

play

 

ယင်းကဲ့သို့ နှိုင်းယှဉ် ဖော်ပြနေမှုများကို ဆာလာက ထပ်မံ မပြုလုပ်ဖို့နဲ့ ၎င်းတို့ရဲ့ သွင်းဂိုးတွေကိုလည်း ခိုင်းနှိုင်းခြင်းမပြုဖို့ ထုတ်ဖော်ပြောလာခဲ့ ပြီ ဖြစ်ပါတယ်။

play

 

"ကျွန်တော့်အနေနဲ့ မက်ဆီနဲ့ နှိုင်းယှဉ်ပြောခြင်းခံနေရတဲ့အပေါ် စိတ်ကသိကအောက် ဖြစ်ရပါတယ်။ကျွန်တော်ပြောချင်တဲ့ နှိုင်းယှဉ်မှု တစ်ခု တည်းက သွင်းဂိုးတွေကိုပဲ နှိုင်းယှဉ်ပေးကြပါ။"လို့ ဆာလာက ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆာလာရဲ့ ယခုလို တောင်းဆိုချက်ကို အသင်းရဲ့နည်းပြ ဂျာဂျင်ကလော့ပ်ကလည်း -" မှန်ပါတယ်။ဆာလာကို မက်ဆီနဲ့ ခိုင်းနှိုင်းတာတွေက သူ့ ကိုပိုကောင်းလာဖို့ တွန်းအားမဖြစ်စေပါဘူး။လက်ရှိမှာသူက လမ်းကြောင်းမှန်တစ်ခုပေါ် ရောက်နေချိန်ပဲ ရှိပါသေးတယ်။" လို့ ဖြည့်စွက်ပြောခဲ့ ပါတယ်။

ဆာလာက လက်ရှိ ၎င်းရဲ့ ပစတ်မှတ်က ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာရရှိရေးနဲ့ ချန်ပီယံလိဂ်မှာ ရှေ့ဆက်လှမ်းနိုင်ဖို့သာ အာရုံစိုက်ထား တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ဆာလာအနေနဲ့ ပြီးခဲ့တဲ့ ၀က်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း တစ်ပွဲတည်း ၄ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD