AD
AD
AD

ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဧည့်သည် လက်စတာစီးတီးအသင်းရဲ့ကစားပုံက ပိုမိုကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ ဒုတိယပိုင်း ၆၈ မိနစ်မှာ လက်စတာစီးတီးအသင်း နောက်ခံကစားသမား ဘန်ချေးဝဲလ်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတဲ့နောက်ပိုင်းမှာလည်း ၁ ယောက်လျော့နေတဲ့ လက်စတာစီးတီးအသင်းကို ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

play

 

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ လက်စတာစီးတီးအသင်းရဲ့ကစားပုံကောင်းမွန်ခဲ့ကြောင်းချီးကျူးခဲ့ပြီး မိမိကစားသမားတွေဟာ ပွဲပန်းမှုဒဏ်ကို ခံစားနေရတာကြောင့် သရေရလဒ်ထွက်ပေါ်ခဲ့တာဟာ မျှတတဲ့ရလဒ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ပွဲပန်းတဲ့ဒဏ်ကို ကျွန်တော်တို့ ခံစားခဲ့ရတာပါ။ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ အားထုတ်ခဲ့တဲ့ ရလဒ်ကို ပြန်ရလိုက်တာပါပဲ"

"ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်အသင်းလိုမျိုး ပြိုင်ဘက်ကောင်းအသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ အခု လက်စတာစီးတီးအသင်းဟာ ကြံ့ခိုင်မှုပြည့်ဝပြီး စုစည်းမှုအားကောင်းတဲ့အသင်းပါ။ ဒီပွဲအတွက် ပြင်ဆင်ချိန်က ၂ ရက်ပဲ ရှိခဲ့ပါတယ်။ အသင်းမှာ ပွဲပန်းမှုဒဏ်ကြောင့် ကစားသမားအများစုဟာ မောပန်းနွမ်းနယ်နေတာကို မြင်တွေ့ခဲ့ရပါတယ်"

"ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြန်စစချင်းမှာ ကျွန်တော်တို့အသင်းရဲ့ ကစားကွက်ကို လက်စတာစီးတီးအသင်း မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပက်ဒရိုနဲ့ ဝီလီယံကို ထည့်ပြီးတဲ့နောက်ပိုင်းမှာတော့ ပွဲက ပြောင်းလဲသွားခဲ့ပါတယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီသရေရလဒ်ဟာ ထိုက်တန်တဲ့ ရလဒ်တစ်ခုပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

နည်းပြ ကွန်တီက ယင်းပွဲစဉ်မှာ အသင်းရဲ့အားထားရတဲ့နောက်ခံကစားသမား ဂယ်ရီကာဟေးလ် ကြွက်သားဒဏ်ရာ ရရှိခဲ့ပေမယ့် အရမ်းပြင်းထန်တဲ့မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ လက်စတာစီးတီးအသင်းနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် တစ်ပွဲလျော့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရမှတ်တူ အဆင့် ၃ နေရာမှာသာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Source & Photos: Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD