AD
AD
AD

နယူးကာဆယ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ဘုန်းမောက်အသင်းက ၀-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

play

 

နယူးကာဆယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ အနိုင် ၃ မှတ်ရရှိဖို့အတွက် ဘုန်းမောက်အသင်းကို ဖိအားပေး တိုက်စစ်ဆင်ခဲ့ပေမယ့်လည်း ဂိုးရရှိ ခြင်း မရှိခဲ့ပါဘူး။

play

 

ဘုန်းမောက်အသင်းအနေနဲ့လည်း အဝေးကွင်းမှာ အဖိုးတန် ရမှတ် ရရှိရေးအတွက် ဘုန်းမောက်အသင်းဖက်ကို ဖိအားပေး ပြန်လည်ကစားခဲ့ ကာ ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ထောင့်ကန်ဘောမှတဆင့် အသင်းခေါင်းဆောင် Cook က အပိုင်ခေါင်းတိုက် ကာအဖိုးတန် ၃ မှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။

 

ယခုပွဲရှုံးနိမ့်ခဲ့တာကြောင့် နယူးကာဆယ်အသင်းအနေနဲ့ အဆင့် ၁၁ နေရာမှာ ပြောင်းလဲရပ်တည်ခဲ့ရပြီး ဘုန်းမောက်အသင်းကတော့ အဆင့် ၁၆ နေရာထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

အခြားသော ပွဲစဉ်များအဖြစ် ဟတ်ဒါဖီးလ်အသင်းက ၀က်ဘရွန်းအသင်းကို ၁-၀ ဂိုးနဲ့လည်းကောင်း၊ဘန်လေအသင်းက ဆောက်သမ်တန် အသင်းကို ၀-၁ ဂိုးနဲ့လည်းကောင်း၊ဘရိုက်တန်အသင်းက ဆွမ်ဆီးအသင်းကို ၀-၁ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါတယ်။

Postby

Photos- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD