ချယ်ဆီးအသင်းရဲ့ တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ မကြာသေးမီကမှ အသင်းရဲ့စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားတဲ့ ကစားသမားဖြစ်ပြီး ယခုအချိန်မှာတော့ အသင်းဖော် ကော်တိုရစ် အရင်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးမှသာ မိမိလည်း ချုပ်ဆိုမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး စပိန်ကို ပြောင်းရွှေ့ဖို့သတင်းတွေကို ဟာဇက်ကိုယ်တိုင်ကလည်း ငြင်းပယ်ထားခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘော်စတွန်ဆဲလ်တစ်အသင်းနဲ့ ဖီလာဒဲလ်ဖီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ NBA ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တဲ့ ဟာဇက်ကို Mirror သတင်းဌာနက ချယ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားမှာလားလို့ မေးမြန်းခဲ့တဲ့အခါမှာ ယခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

"ဟုတ်ကဲ့။ ချယ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားမှာပါ"

"ဒါပေမယ့် ကော်တိုရစ် အရင်စာချုပ်ချုပ်ပြီးမှ ကျွန်တော် စာချုပ်သစ် ချုပ်ဆိုသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတဲ့ အီဒင်ဟာဇက်ဟာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဖော် ဂိုးသမား ကော်တိုရစ်ကို စာချုပ်သစ် အရင်ချုပ်ဆိုဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အီဒင်ဟာဇက်နဲ့ ကော်တိုရစ်တို့ဟာ စပိန်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကစားသမားနှစ်ဦးဖြစ်ပြီး ကော်တိုရစ်ကလည်း ပြီးခဲ့တဲ့ဒီဇင်ဘာက ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video