ပရီးမီးယားလိဂ် ဘောလုံးလောကမှာ စံချိန်ရှင်များစွာ ဒုနဲ့ဒေး ရှိခဲ့တဲ့အထဲကမှ ဘောလုံးသုတေသနအဖွဲ့အစည်းများရဲ့ ကြိုးပမ်းမှုနဲ့ ဘယ်လိုမှ သတိမမူမိနိုင်မယ့် စံချိန်ကောင်းတွေကို ပိုင်ဆိုင်ထားသူတွေ ရှိနေပြန်ပါတယ်။။

အဆိုပါ ကစားသမားတွေကလည်း ပရိသတ် သိပြီးသားကစားသမားတွေ ဖြစ်ပေမယ့် ဘယ်လို စံချိန်ကောင်းတွေကို ပိုင်ဆိုင်ခဲ့လဲဆိုတာ စိတ်ဝင် စားဖို့ ကောင်းနေပါပြီ။

play

 

ပထမဆုံး ဖော်ပြပေးမှာကတော့ လီဗာပူး၊စပါးအသင်းတို့မှာ ကစားခဲ့ဖူးပြီး လက်ရှိ စတုတ်စီးတီးအသင်းမှာ ကစားနေတဲ့ အသက် ၃၆ နှစ်အရွယ် ၀ါရင့် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ပီတာခရော့ခ်ျရဲ့ စံချိန်ကောင်းတစ်ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပီတာခရော့ခ်ျဟာ ဘောလုံးလောကရဲ့ အရပ်အမြင့်ဆုံး ကစားသမားတစ်ဦးဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း ဂိုးသွင်းစွမ်းရည်မြင့်မားတဲ့ တိုက် စစ်မှူးတွေထဲမှာ တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။သူသွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၆ ဂိုးအနက် ၃၉ ဂိုးမှာ ခေါင်းတိုက်သွင်းယူထားတာ ဖြစ်ပါတယ်။ဒါ့အပြင် အခုလို ခေါင်းတိုက်သွင်းယူထားတဲ့ ဂိုးအရေအတွက်ဟာ လိဂ်သမိုင်းတစ်လျှောက် အမြင့်မားဆုံးစွမ်းဆောင်ထားနိုင်မှု တစ်ခု ဖြစ်ပြီး ခေါင်းတိုက်သွင်းဂိုးအများဆုံး သွင်းယူထားတဲ့ တိုက်စစ်မှူးအဖြစ် စံချိန်ကောင်းတင်ရှိထားတာ ဖြစ်ပါတယ်။

play

 

နောက်ထပ်ဖော်ပြပေးမှာကတော့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဖာဘရီဂတ်စ်ပဲ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်အနေနဲ့ ပရီးမီးယားလိဂ်မှာ တိကျတဲ့ပေးပို့မှု အများဆုံးပြုလုပ်ထားနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားပြီး စုစုပေါင်း ၃၅၉ ကြိမ် ပေးပို့မှု တိကျထားတာ ဖြစ်ပါတယ်။၎င်းရဲ့ နောက်မှာတောာ့ မန်စီးတီးအသင်းက ဒေးဗစ်ဆေးလ်ဗားက စုစုပေါင်း ပေးပို့မှု ၂၆၈ ကြိမ်နဲ့ ဒုတိနေရာမှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် ဖာဘရီဂတ်မှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၃၂၂ပွဲကစားထားရာမှာ ၄၉ ဂိုးသွင်းယူထားပြီး ၁၀၈ ကြိမ် ဂိုးဖန်တီးပေးထားနိုင်ကာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် ရပ်တည်ထားနိုင်ပြန်ပါတယ်။

play

 

တတိယမြောက် ဖော်ပြပေးမယ့် ကစားသမားကတော့ ပြင်သစ်လက်ရွေးစင် ဂေးလ်ကလစ်ချီပဲ ဖြစ်ပါတယ်။သူဟာ ပရီးမီးယားလိဂ်မှာ အ ကောင်းဆုံး နောက်တန်း ကစားသမားအဖြစ် ရပ်တည်နေမယ်လို့ ဘယ်သူမှ ထင်မှတ်မှာ မဟုတ်ပါဘူး။ဒါပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်ရည် တွေကို မြင်တွေ့ပြီးရင်တော့ ဘယ်သူမဆို လက်ခံနိုင်မယ်လို့ ယုံကြည်ပါတယ်။

စုစုပေါင်း တိကျ ပြတ်သားတဲ့ ဘောလုံးဖျက်ထုတ်မှုပေါင်း ၈၅၅ ကြိမ်အထိပြုလုပ်ထားနိုင်တာဖြစ်ပြီး အာဆင်နယ်အသင်းမှာ ကစားခဲ့ချိန် ၂၀၀၇-၀၈ ဘောလုံးရာသီတစ်ရာသီတည်းမှာပင် ဖျက်ထုတ်မှု ၁၃၆ ခုအထိ ပြုလုပ်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်စီးတီးအသင်းကနေ တူရကီကလပ် အစ်စတန်ဘူလ်အသင်းမှာ သွားရောက်ကစားနေပြီလို့ သိထားရပါတယ်။

play

 

နောက်ထပ်တစ်ဦးကတော့ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီဖြစ်ပြီး သူ့ရဲ့ အံ့အားသင့်ဖွယ် စံချိန်ကောင်းကတော့ ဂိုးတိုင်ကို ထိအောင်ကန်နိုင်တဲ့ အများဆုံးကစားသမားဖြစ်ပါတယ်။

ဗန်ပါစီဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားတစ်လျှောက် ဂိုးတိုင်ကို ၄၄ ကြိမ်အထိ ထိမှန်အောင်ကန်နိုင်ခဲ့ပြီး ဒါဟာလည်းအခြားကစားသမား တွေထက် သာလွန်နေတဲ့ မှတ်တမ်းတစ်ရပ်ဖြစ်နေပြီး ယခု အဲဗာတန်အသင်းမှာ ကစားနေတဲ့ ၀ိန်းရွန်နီကတော့ ၂၈ ကြိမ်ထိအောင်ကန်ထားပြီး ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

ဗန်ပါစီဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀၈ ပွဲ ကစားထားခဲ့ပြီး ၁၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ၅၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဂိုးသွင်း အများဆုံးကစားသမားဆုကိုလည်း နှစ်နှစ်ဆက် ဆွတ်ခူးခဲ့ပြီး အာဆင်နယ်အသင်းနဲ့မန်ယူအသင်းတို့မှာ ဆက်တိုက် ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါ တယ်။

play

 

နောက်ဆုံးဖော်ပြပေးချင်တဲ့ ကစားသမားကတေ့ လီဗာပူးဂန္တ၀င်ကစားသမား စတီဗင်ဂျာရတ်ပဲ ဖြစ်ပါတယ်။ ဂျာရတ်တင်ရှိထားတဲ့ စံချိန်က တော့ ထောင့်ကန်ဘောအများဆုံး ကန်တင်ထားတဲ့ စံချိန်ပဲ ဖြစ်ပြီး စုစုပေါင်း ၉၀၁ ကြိမ်အထိ ကန်တင်ပေးထားခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့နောက်မှာတော့ စတီးဝပ်ဒေါင်းနင်းက စုစုပေါင်း ၈၉၆ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဂျာရတ်ဟာ ကစားသမားစတင်ချိန် ကတည်းက လီဗာပူးအသင်းအတွက် ကစားပေးခဲ့ပြီး ပွဲပေါင်း ၅၀၄ ပွဲကစားကာ ၁၂၀ ဂိုးသွင်းယူပေးထားခဲ့ သူဖြစ်ပါတယ်။

ယခုဖော်ပြပေးလိုက်တဲ့ မှတ်တမ်းတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ မှတ်တမ်ေးကာင်းတွေထဲကနေ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေဖော်ပြပေးခဲ့တာ မှတ် တမ်းများဖြစ်ပြီး သတိမူမိဖို့ ခဲယဉ်းတဲ့ မှတ်တမ်းတွေလည်း ဖြစ်ပါတယ်။

Source-SOKKAA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video