AD
AD
AD

မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ မိမိကို မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်နေမှုအပေါ် သည်းမခံနိုင်တဲ့အဆုံး မိမိတို့ဟာ မတူညီတဲ့ကစားသမားတွေဖြစ်တာကြောင့် မနှိုင်းယှဉ်ဖို့ ပြောကြားခဲ့ပါတယ်။

play

 

ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ မန်စီးတီးအသင်းရဲ့မရှိမဖြစ် ကွင်းလယ်ဖန်တီးရှင်အဖြစ် ချီးကျူးမှုကို ခံနေရတဲ့ကစားသမားဖြစ်ပါတယ်။ ဒီဘရိုင်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၁ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ထားတဲ့ကစားသမားဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုတို့လို ကစားသမားမျိုးဖြစ်တယ်လို့ ဝိုင်းဝန်း ချီးကျူးနေကြတာဖြစ်ပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြယ်ပွင့်ကစားသမားတွေနဲ့ နှိုင်းယှဉ်ခံနေရမှုအပေါ် မိမိဟာ မတူညီတဲ့ကစားသမားမျိုးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"သူတို့နဲ့ ကျွန်တော့်ကို နှိုင်းယှဉ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ ကျွန်တော်တို့ ကစားတဲ့နေရာက မတူညီပါဘူး"

"သူတို့က ကွင်းထဲမှာ ကျွန်တော့်ထက် ပိုအဆင့်မြင့်ပြီး ကျွန်တော့်ထက် ဂိုး ၁၀ ဆ သွင်းယူနိုင်တဲ့သူတွေပါ"

"ကျွန်တော် တစ်ရာသီမှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့တယ်ဆိုရင် သူတို့က ဂိုး ၁၀၀ သွင်းယူနိုင်တဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော့်မှာက ကွင်းထဲမှာလုပ်ဖို့ တခြားတာဝန်တွေလည်းရှိပါသေးတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာက ယခုရာသီမှာ ဒီဘရိုင်းရဲ့ခြေစွမ်းဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့နဲ့ တိုင်းတာရလောက်အောင် မြင့်မားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

"သူက အခုလိုခြေစွမ်းမျိုး တစ်ပွဲလောက်ပဲ ကစားပြနိုင်တာမဟုတ်ပါဘူး။ တစ်ရာသီလုံး ပွဲကစားရတဲ့ ၃ ရက်စလုံး ဒီတိုင်းပဲ ကစားနိုင်ပါတယ်"

"သူကစားတဲ့ပုံမျိုးက ဥရောပမှာ နောက်ထပ်တစ်ယောက် တွေ့ဖို့ ခက်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD