AD
AD
AD

အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလက ပြောင်းရွှေ့လာခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ နည်းပြမော်ရင်ဟိုရဲ့နည်းစနစ်အောက်မှာ ခြေစွမ်းပြသဖို့ ကြိုးစားနေရတဲ့ကစားသမားဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူနိုင်သေးပြီး ဆန်းချက်ဇ်ရဲ့အပြုအမူကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြအဖွဲ့တွေဟာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ Daily Mail ရဲ့ပြောကြားချက်အရ ဆန်းချက်ဇ်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာလည်း တစ်ဦးတည်းနေလေ့ရှိပြီး အသင်းဖော်တွေနဲ့ ဟက်ဟက်ပက်ပက်မရှိဘဲ တစ်ခါတစ်ရံ စားသောက်တန်းမှာ အသင်းဖော်တွေနဲ့အတူမဟုတ်ဘဲ တစ်ဦးတည်း ထိုင်စားနေလေ့ရှိတယ်လို့ သိရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့မိတာကို နောင်တရနေတယ်လို့ ယူဆလို့ရတဲ့ ဆန်းချက်ဇ်ရဲ့အပြုအမူကြောင့် မန်ယူအသင်းနည်းပြအဖွဲ့ဟာ စိုးရိမ်မှုတွေ မြင့်တက်နေပြီး လက်ရှိအချိန်မှာ ဆန်းချက်ဇ်ဟာ နိုင်ငံတကာပွဲစဉ်တွေကစားဖို့ ချီလီနိုင်ငံမှာ ရောက်ရှိနေပြီး လကုန်ထိ မန်ယူအသင်းထံ ပြန်လည်ရောက်ရှိမှာမဟုတ်သေးပါဘူး။ အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လစာအများဆုံးကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၆ သိန်း ရရှိနေပြီး အခုလို လစာအများဆုံး ရရှိနေတဲ့အကြောင်းအရင်းက အာဆင်နယ်အသင်းကနေ မန်ချက်စတာစီးတီးထက် မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD